(၂၁-၁၀-၂၀၂၅)ရက်နေ့ MRTV-HD သတင်း
  • Tue, 21 October 2025

(၂၁-၁၀-၂၀၂၅)ရက်နေ့ MRTV-HD သတင်း


၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်


လယ်ယာလုပ်ငန်းခွင်မှာ လုပ်ကိုင်ဆောင်ရွက်နေသော တောင်သူများအနေနဲ့ လယ်ယာသုံး စက်ကိရိယာများ ကျွမ်းကျင်သွာကိုင်တွယ်သုံးစွဲတတ်စေရန်ရည်ရွယ်ပြီး လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး) တောင်သူသင်တန်းအမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲကို ပဲခူးတိုင်း ဒေသကြီး၊ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း (ဘုရားကြီးမြို့)မှာ အောက်တိုဘာလ (၂၁)ရက် နေ့ကဖွင့်လှစ်ခဲ့ပါသည်။အဆိုပါသင်တန်းတွင် ထွန်စက်ကြီး၊လက်တွန်းထွန်စက်နှင့်ရိတ်သိမ်းခြွေလှေ့စက်များ မောင်းနှင်ခြင်း၊ပြုပြင်ထိန်းသိမ်းခြင်းဘာသာရပ်များအပြင် ကောက်စိုက်စက် စိုက်ပျိုးခြင်း ပျိုးထောင်ခြင်း ဘာသာရပ်များကို သင်တန်းကာလ(၈)ပတ်ကြာ သင်တန်းသား(၄၀)ဦး တို့အား စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ၂၀၂၆ခုနှစ်၊ဇန်နဝါရီလတွင် သင်တန်း အမှတ်စဉ်(၄)အား ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။


"(၁၄-၁၀-၂၀၂၅)ရက်နေ့ MRTVသတင်း"


"(၁၄-၁၀-၂၀၂၅)ရက်နေ့ MRTVသတင်း"