- Fri, 17 October 2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများသည် အောက်တိုဘာလ(၁၃)ရက်နေ့က စက်မှုလယ်ယာဦးစီးဌာနမှ တပ်ကုန်မြို့နယ်တွင်ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲသို့တက်ရောက်၍ နေပြည်တော်ကောင်စီဝင်မှ အမှာစကားပြောကြားပြီး သင်တန်းသားများအား ထွန်စက်နှင့်ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်သင်ကြားပေးနေမှုကို ကြည်ရှုအားပေးခဲ့ကြသည်။
