"(၁၄-၁၀-၂၀၂၅)ရက်နေ့ MRTVသတင်း"
  • Tue, 14 October 2025

"(၁၄-၁၀-၂၀၂၅)ရက်နေ့ MRTVသတင်း"


၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်


စက်မှုလယ်ယာဦးစီးဌာန၊ ဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့တွင် လယ်ယာသုံးစက် ကိရိယာ ကျွမ်းကျင်မှုလက်မှတ်ရသင်တန်း အမှတ်စဉ်(၄) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ( ၁၃.၁၀.၂၀၂၅) (တနင်္လာနေ့) နံနက် (၉:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ အခမ်း အနားသို့ စက်မှုလယ်ယာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး(စီမံကိန်း)၊ မန္တလေးတိုင်းဒေသကြီးမှ တိုင်းဦးစီးမှူး၊မြန်မာနိုင်ငံ လယ်ယာသုံးစက်ကိရိယာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ အင်းကုန်း၊ ကျောက်ဆည် စက်ရုံစုနယ်မြေမှ စက်ရုံမှူးများ၊ အရည်အသွေးစမ်းသပ် စစ်ဆေးရေး ဌာနမှ ညွှန်ကြားရေးမှူးနှင့် ဗဟိုသင်တန်းကျောင်းမှ တာဝန်ရှိသူများတက်ရောက် ခဲ့ကြပြီး နံနက် (၁၀:၀၀)နာရီတွင် သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြီးစီးခဲ့ပါသည်။ပြည်နယ်တိုင်းဒေသကြီး ( ၇ )ခုမှ သင်တန်းသားဦးရေ ( ၄၄ ) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁၃.၁၀.၂၀၂၅) ရက်နေ့မှ (၂၅.၉.၂၀၂၆) ရက်နေ့ထိ ဖြစ်ကြောင်းသတင်း ရရှိပါသည်။