"(၂၇-၉-၂၀၂၅)ရက်နေ့ MRTV(HD)သတင်း"
  • Sat, 27 September 2025

"(၂၇-၉-၂၀၂၅)ရက်နေ့ MRTV(HD)သတင်း"


၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ စက်မှုလယ်ယာဦးစီးဌာန ၊ဗဟိုသင်တန်းကျောင်း ၊ဘုရားကြီးမြို့တွင် အမှတ်စဉ် (၂/၂၀၂၅-၂၀၂၆) လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်းဆင်းပွဲအခမ်းအနားကို (၂၆.၉.၂၀၂၅)နေ့ နံနက် (၀၈:၀၀)နာရီတွင်ကျင်းပခဲ့ပါသည်။သင်တန်းဆင်းပွဲအခမ်းအနားသို့ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ပဲခူးတိုင်းဒေသကြီး ၊ ခရိုင်ဦးစီးဌာနမှူး ၊ မြို့နယ်ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူ များ ဆရာ / ဆရာမများ ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။အဆိုပါ သင်တန်းတွင် ပဲခူးတိုင်းဒေသကြီး ၊ ဧရာဝတီတိုင်း‌ဒေသကြီး ၊ရန်ကုန်တိုင်း ဒေသကြီး၊ နေပြည်တော် တိုင်းဒေသကြီး ( ၄ ) ခုမှ သင်တန်းသား ( ၄၀ ) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ( ၄.၈.၂၀၂၅ ) မှ ( ၂၆.၉.၂၀၂၅ ) ထိ ဖြစ်ပါ သည်။