- Tue, 16 September 2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊စက်မှုလယ်ယာဦးစီးဌာန၊အမှတ်(၇၈)စက်မှုလယ်ယာစခန်း ဝါးခယ်မမြို့ တွင် စက်တင်ဘာ(၁၅)ရက်နေ့က ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း (၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁) မှ အမှာစကားပြောကြားပြီး စက်မှုလယ်ယာဦးစီးဌာန၊ခရိုင်ဦးစီးဌာနမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပါတ်သက်၍ ရှင်းလင်းပြောကြားသည်။အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ သင်တန်းသား(၂၅)ဦး တက်ရောက်ကြမည်ဖြစ်ပြီး စက်တင်ဘာလ(၁၅)ရက်မှ စက်တင်ဘာလ(၂၆)ရက်ထိ စာတွေ့၊ လက်တွေ့ သင်ကြား ပို့ချမည်ဖြစ်သည်။
