- Tue, 16 September 2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊စက်မှုလယ်ယာဦးစီးဌာန၊အမှတ်(၅၁)စက်မှုလယ်ယာစခန်း ပုသိမ်မြို့ တွင် စက်တင်ဘာ(၁၅)ရက်နေ့က ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်၊ မြို့နယ်စီမံကိန်း ဦးစီးဌာနမှူး မှ အမှာစကားပြောကြားပြီး စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူးမှ သင်တန်း ဖွင့်လှစ် ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းကို စက်တင်ဘာလ(၁၅)ရက်မှ စက်တင်ဘာလ(၂၆)ရက်ထိ စာတွေ့၊ လက်တွေ့ သင်ကြား ပို့ချမည်ဖြစ်သည်။
