- Sat, 26 July 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်
၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒု-ဦးစီးမှူး(လစာနှုန်း ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)အဆင့်ရှိရာထူး ကျား(၈) နေရာအတွက် လျှောက်လွှာတင်သွင်းနိုင်ပါသည်။
၂။ လျှောက်ထားသူများသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက (၃၁.၈.၂၀၂၅)ရက်နေ့တွင် အသက်(၃၀)နှစ်ထက် မကျော် လွန်စေရ။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက (၃၁.၈.၂၀၂၅)ရက်နေ့တွင် အသက်(၃၅)နှစ် ထက်မကျော်လွန်စေရ။(သက်ဆိုင်ရာဌာနအကြီးအကဲ၏ ခွင့်ပြုချက်ဖြင့်ဝန်ကြီးဌာန မှတစ်ဆင့် လျှောက်ထားရမည်။)
(ဂ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဃ) အနည်းဆုံးရှိရမည့်ပညာအရည်အချင်းသတ်မှတ်ချက်မှာ-AGTI(Mechanical)/(AMT)/(MP)/(MT) ဒီပလိုမာလက်မှတ်ရရှိပြီးသူဖြစ်ရမည်။
(င) ရွေးချယ်ခန့်ထားခြင်းခံရပါက စက်မှုလယ်ယာဦးစီးဌာနတွင် အနည်းဆုံး(၅)နှစ် တာဝန်ထမ်းဆောင်နိုင်ကြောင်း ဝန်ထမ်းသစ်ခန့်ထားရေးကတိခံဝန်ချက်စာချုပ် ချုပ်ဆိုရမည်ဖြစ်ပါသည်။
(စ) ဒေသမရွေးသွားရောက် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။ လျှောက်လွှာတွင်ပါရှိသောအချက်များကို ပြည့်စုံစွာရေးသွင်းရမည်ဖြစ်ပြီး လျှောက်လွှာ ပုံစံကို စက်မှုလယ်ယာဦးစီးဌာန၏ Website ဖြစ်သည့် http://amd.moali.gov.mm နှင့် Facebook Page “Agricultural Mechanization Department” တွင် download ရယူနိုင်ပါသည်။ (လျှောက်လွှာရောင်းချခြင်း/ထုတ်ပေးခြင်းမပြုပါ)
