"( ၁၀ - ၉ - ၂၀၂၅ )ရက်နေ့ ကြေးမုံသတင်းစာ စာမျက်နှာ(၁၆)"
  • Wed, 10 September 2025

"( ၁၀ - ၉ - ၂၀၂၅ )ရက်နေ့ ကြေးမုံသတင်းစာ စာမျက်နှာ(၁၆)"


၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်


ကရင်ပြည်နယ်၊ဘားအံမြို့တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း၊ ကောက်စိုက်စက်နှင့် တွဲဘက်သုံး(၁၀)တန်းသွား မျိုးစေ့ချကိရိယာ၊ လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder) တို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားကို စက်တင်ဘာလ(၉)ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ ရဲသာ(ကမော့ကစင်) ကျေးရွာအုပ်စု၊ ကမော့ကစင် အရှေ့ကွင်းရှိ တောင်သူ ဒေါ်မူးဖောင်ဆိန့်၏ လယ်မြေ၌ ကျင်းပသည်။


အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး စက်မှုလယ်ယာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူးက မျိုးစေ့ချကိရိယာများ အသုံးပြုပုံနှင့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားသည်။ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများက ရဲသာ(ကမော့ကစင်)၊တော်ပုံ၊လှိုင်ကမ္ဘာ၊တရုတ်လှ၊လှာကဒေါင် ကျေးရွာတို့မှ တောင်သူများ အတွက် လက်ဆွဲမျိုးစေ့ချကိရိယာများအားလည်းကောင်း၊ပြည်နယ်ဝန်ကြီးချုပ်မှ အီးအမ်(အပြင်း)ရည်များနှင့် ပေါင်းသတ်ဆေးများကိုလည်ကောင်း အခမဲ့ပေးအပ်သည်။ ယင်းနောက် ကောက်စိုက်စက်ဖြင့်မိုးစပါး စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်နှင့် တွဲဘက်သုံး(၁၀)တန်းသွား မျိုးစေ့ချကိရိယာ၊ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) တို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကိုအားပေးကြည့်ရှုကြသည်။

"(၁၄-၁၀-၂၀၂၅)ရက်နေ့ MRTVသတင်း"


"(၁၄-၁၀-၂၀၂၅)ရက်နေ့ MRTVသတင်း"