- Tue, 9 September 2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်
ဧရာဝတီတိုင်းဒေသကြီး၊လပ္ပတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမတွင် စက်မှုလယ်ယာဦးစီးဌာနက ကြီးမှူးကျင်းပသော ရိတ်သိမ်းခြွေလှေစက်မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ(၈)ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။ အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မှ အဖွင့်အမှာစကားပြောကြားပြီး စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးဌာနမှူးက သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားသည်။ အဆိုပါ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု ( အခြေခံ ) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၇)ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ အဖွဲ့ဝင် ( ၇ ) ဦး ၊ ခရိုင်နှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင် ( ၂၂ ) ဦး ၊ ခရိုင် အဆင့် ဌာနဆိုင်ရာ ( ၃၀ ) ဦး ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ( ၄၀ ) ဦး ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ( ၁၀ ) ဦး ၊ မိခင်နှင့် ကလေး ၊ အမျိုးသမီးရေးရာအဖွဲ့ဝင် ( ၁၈ ) ဦး ၊ သင်တန်း သား ( ၂၅ ) ဦး စုစုပေါင်း အင်အား ( ၁၅၉ ) ဦး တက်ရောက်ခဲ့ပါသည်။သင်တန်းကို ( ၈.၉.၂၀၂၅ ) ရက်နေ့မှ (၁၉ .၉.၂၀၂၅) ရက်နေ့ထိ (၁၂ ) ရက်သင်တန်းဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။


