- Tue, 9 September 2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်
ဧရာဝတီတိုင်းဒေသကြီး၊ဇလွန်မြို့နယ်တွင် ရိတ်သိမ်းခြွေလှေစက်မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်းကို စက်တင်ဘာလ(၈)ရက်နေ့က စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၄၉)စက်မှုလယ်ယာစခန်း၌ ကျင်းပပြုလုပ်ရာ စက်မှုလယ်ယာဦးစီးဌာန၊ဟင်္သာတခရိုင်ဦးစီးဌာနမှူးမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းဆောင်ရွက်လျက်ရှိရာ ရိတ်သိမ်းခြွေလှေ့စက်များကို လယ်ယာ လုပ်ငန်းခွင်တွင် စနစ်တကျ နည်းမှန်လမ်းမှန် အန္တရာယ်ကင်းစွာ သုံးစွဲတတ်စေရန်၊ ကျွမ်းကျင်စွာ မောင်းနှင် ထိန်းသိမ်းတတ်စေရန်၊ စပါးအလေအလွင့်နည်းပါးရေးအတွက် စနစ်တကျချိန်ညှိတတ်စေရန်၊ ရည်ရွယ်၍ ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းအား ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။အဆိုပါသင်တန်းအား စက်တင်ဘာလ(၈)ရက်မှစက်တင်ဘာလ (၁၉)ရက်ထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်သည်။


