"စက်မှုလယ်ယာဖွံ့ဖြိုးရေး၊ ကျွမ်းကျင်လုပ်သားကောင်းများ မွေးထုတ်ပေးနိုင်ရေး၊ ရည်ရွယ်ချက်များဖြင့် စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း(မိတ္ထီလာမြို့)တွင် အမှတ်စဉ်(၂/၂၀၂၅-၂၀၂၆) လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိမ်းသိမ်းမှု(အထူး)သင်တန်း သင်တန်းဆင်းပွဲကျင်းပ"
  • Fri, 5 September 2025

"စက်မှုလယ်ယာဖွံ့ဖြိုးရေး၊ ကျွမ်းကျင်လုပ်သားကောင်းများ မွေးထုတ်ပေးနိုင်ရေး၊ ရည်ရွယ်ချက်များဖြင့် စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း(မိတ္ထီလာမြို့)တွင် အမှတ်စဉ်(၂/၂၀၂၅-၂၀၂၆) လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိမ်းသိမ်းမှု(အထူး)သင်တန်း သင်တန်းဆင်းပွဲကျင်းပ"


၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်

 

စက်မှုလယ်ယာဦးစီးဌာန၊ ဗဟိုသင်တန်းကျောင်း(မိတ္ထီလာမြို့)တွင် အမှတ်စဉ်(၂/၂၀၂၅-၂၀၂၆) လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိမ်းသိမ်းမှု(အထူး)သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားအား (၅-၉-၂၀၂၅) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါသင်တန်းတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သင်တန်းသား (၆၀ဦး)တက်ရောက်အောင်မြင်ခဲ့ကြပြီး သင်တန်းကာလမှာ (၁၄-၇-၂၀၂၅)ရက်နေ့မှ (၅-၉-၂၀၂၅) ရက်နေ့ထိ သင်တန်းကာလ(၈ပတ်)ကြာမြင့်ခဲ့ပြီး ထွန်စက်ကြီး၊လက်တွန်းထွန်စက်၊ရိတ်သိမ်းခြွေလှေ့စက်၊ ကောက်စိုက် စက်များ မောင်းနှင်ထိမ်းသိမ်းမှု၊ တစ်လုံးထိုးဒီဇယ်အင်ဂျင် ပြင်ဆင်ရေးတို့ကို စာတွေ့၊လက်တွေ့ သင်ကြားပို့ချ ပေးခဲ့သည်။

 

အဆိုပါသင်တန်း တက်ရောက်အောင်မြင်ပြီးသူ သင်တန်းဆင်းများအနေဖြင့် လယ်ယာလုပ်ငန်းနှင့် ပတ်သက်သော လုပ်ငန်းခွင်များတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်း၊ စက်မှုလယ်ယာဝန်ထမ်းများ အဖြစ် တာဝန်ထမ်းဆောင်လိုပါကလည်း စက်မှုလယ်ယာဦးစီးဌာနတွင် ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ခြင်း၊ လယ်ယာသုံးစက်ကိရိယာနှင့်သက်ဆိုင်သော ကုမ္ပဏီများတွင် ကျွမ်းကျင်လုပ်သားအဖြစ် တာဝန်ထမ်းဆောင် နိုင်ခြင်း တို့အပြင် မိမိပိုင်လယ်ယာသုံးစက်ကိရိယာများ ပိုင်ဆိုင်ပါကလည်း ကိုယ်ပိုင်လယ်ယာလုပ်ငန်းများတွင် စက်မှုလယ်ယာလုပ်သားကောင်းများအဖြစ် မိမိကိုယ်တိုင် ဦးစီးလုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။

 

စက်မှုလယ်ယာဦးစီးဌာန၊ ဗဟိုသင်တန်းကျောင်း(မိတ္ထီလာမြို့)တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်းများအား စဉ်ဆက်မပြတ်ပို့ချပေးလျက်ရှိပြီး (၁၅-၉-၂၀၂၅)ရက်နေ့တွင် အမှတ်စဉ်(၃/၂၀၂၅-၂၀၂၆)လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်းအား ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ရာ သင်တန်းတက်ရောက်လိုသူ တောင်သူများအနေဖြင့် မိတ္ထီလာဗဟိူသင်တန်းကျောင်း နှင့် အခြားစက်မှုလယ်ယာအဖွဲ့အစည်းများမှတဆင့် ဆက်သွယ်တက်ရောက်နိုင်ပါသည်။