"(၇ - ၉ - ၂၀၂၅ )ရက်နေ့ ကြေးမုံသတင်းစာ စာမျက်နှာ(၁၃)"
  • Sun, 7 September 2025

"(၇ - ၉ - ၂၀၂၅ )ရက်နေ့ ကြေးမုံသတင်းစာ စာမျက်နှာ(၁၃)"


၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်

 

ကရင်ပြည်နယ်၊စက်မှုလယ်ယာဦးစီးဌာန၊အမှတ်(၂၀)စက်မှုလယ်ယာစခန်း၊ဘားအံမြို့မှ ကောက်စိုက်စက်ဖြင့် တွဲဘက်သုံး (၁၀)တန်းသွားမျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)တို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို စက်တင်ဘာလ(၆)ရက် နံနက်ပိုင်းက ဘားအံမြို့နယ် ဘားကပ်စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာ အနီး ဘားကပ်အရှေ့ကွင်းရှိ တောင်သူ ဦးအုန်းသန်း၏ လယ်မြေ (၂.၄၈ဧက)ပေါ်တွင် ကျင်းပပြုလုပ်သည်။

 

အဆိုပါ ကွင်းသရုပ်ပြပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက တက်ရောက်လာကြသော ဘားကပ်၊ရသေ့ပျံ၊ တောကြီးကုန်း ကျေးရွာ များမှ တောင်သူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ လက်ဆွဲမျိုးစေ့ချကိရိယာများနှင့် ပေါင်းသတ်ဆေးများ ပေးအပ်ကြပြီးဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်မှ အီးအမ်(အပြင်း)ရည်များကို အခမဲ့ဖြန့်ဝေပေးအပ်သည်။

 

ထို့နောက် အမှတ်(၂၀)စက်မှုလယ်ယာစခန်း၊ဘားအံမြို့မှ ကောက်စိုက်စက်ဖြင့် တွဲဘက်သုံး (၁၀)တန်းသွားမျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder) တို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကို ကွင်းသရုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ အားပေးကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ကြသည်။