- Mon, 1 September 2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ အမှတ်စဉ်(၁/၂၀၂၅) လယ်ယာသုံးစက်ကိရိယာ မောင်းနှင် ထိန်းသိမ်းမှု(အခြေခံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်းက ပေါင်းတည်မြို့နယ် စက်မှုလယ်ယာစခန်း(ဆွယ်) သင်တန်းခန်းမ၌ ကျင်းပရာ စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တောင်ပေါ်သားရီရှင်း စိုက်ပျိုးရေး ကုမ္ပဏီ၊ ဖန်တီးရှင်ကူဘိုတာလယ်ယာသုံးစက်ပစ္စည်းအရောင်းဆိုင်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အဆိုပါသင်တန်းတွင် ကုမ္ပဏီများမှ တောင်သူ (၁၅၀)ဦးနှင့်သင်တန်းသား(၅၀)ဦးတို့ကို ရက်သတ္တနှစ်ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချမည်ဖြစ်သည်။


