- Sun, 24 August 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၃)ရက်
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ စပါးမျိုးစေ့ချစက်ဖြင့် မိုးစပါးပျိုးထောင်ခြင်း သရုပ်ပြပွဲကို ဩဂုတ်လ(၂၃)ရက်နေ့ နံနက်ပိုင်းက သပြေသာကျေးရွာရှိ တောင်သူဦးထွန်းထွန်းဦး၏ လယ်မြေတွင် ကျင်းပသည်။သရုပ်ပြပွဲတွင် စက်မှုလယ်ယာဦးစီးဌာန၊မြို့နယ်ဦးစီးဌာနမှူးမှ စပါးမျိုးစေ့ချစက်ဖြင့် စပါးပျိုးထောင်ခြင်း၏ အကျိုးကျေးဇူးများ၊ စက်မှုပိုင်းဆိုင်ရာအချက်အလက်များ၊ ပျိုးထောင်ပြီးသော ပျိုးဗန်းများအား ထိန်းသိမ်းစောင့်ရှောက်ရမည့်အချက်များအား ရှင်းလင်းပြောကြားသည်။ထို့နောက် တာဝန်ရှိသူများနှင့် တောင်သူများက စပါးမျိုးစေ့ချစက်ဖြင့် မိုးစပါးပျိုးထောင်ခြင်းကိုကြည့်ရှုအားပေးပြီး ပြပွဲနှင့်အတူ ခင်းကျင်းပြသထားသည့် လက်ဆွဲမျိုးစေ့ချကိရိယာ၊ လက်ဆွဲကောက်စိုက်စက်နှင့် စပါးမျိုးစေ့ချကိရိယာ များကို ကြည့်ရှုလေ့လာခဲ့ကြသည်။


