(၂၃ - ၈ - ၂၀၂၅ )ရက်နေ့ မြန်မာ့အလင်းသတင်းစာ စာမျက်နှာ (၁၇)"
  • Sat, 23 August 2025

(၂၃ - ၈ - ၂၀၂၅ )ရက်နေ့ မြန်မာ့အလင်းသတင်းစာ စာမျက်နှာ (၁၇)"


၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၀)ရက်


မကွေးတိုင်းဒေသကြီး၊မင်းလှမြို့နယ်၌ စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ဩဂုတ်လ(၂၀)ရက်နေ့က ရုံးရပ်တောင်ပိုင်း ကွင်းအမှတ် (၈၆၁-B)(အင်းကွင်း) ရှိ တောင်သူဦးခင်အောင်ဆွေ၏ လယ်မြေ(၂)ဧက၌ Kubota ခြောက်တန်းသွား ကောက်စိုက်စက်အသုံးပြု၍၎င်း၊ တောင်သူဦးဝင်းအောင်၏ လယ်မြေ(၁)ဧက၌ လက်ဆွဲ ကောက်စိုက်စက်ဖြင့်၎င်း၊ တောင်သူဦးသိန်းသန်း၏ လယ်မြေ(၁)ဧက၌ လက်ဆွဲမျိုးစေ့ချကိရိယာဖြင့်၎င်း လက်တွေ့သရုပ်ပြ စိုက်ပျိုးပြသခဲ့ရာ ဒေသခံတောင်သူများ လာရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။