"(၁၈ - ၈ - ၂၀၂၅ )ရက်နေ့ ကြေးမုံသတင်းစာ စာမျက်နှာ(၁၆)"
  • Mon, 18 August 2025

"(၁၈ - ၈ - ၂၀၂၅ )ရက်နေ့ ကြေးမုံသတင်းစာ စာမျက်နှာ(၁၆)"


၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၇)ရက်


မန္တလေးတိုင်းဒေသကြီး၊တံတားဦးမြို့နယ်၊ စက်မှလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ လက်ဆွဲမျိုးစေ့ချကိရိယာပေးအပ်ပွဲနှင့် လက်တွေ့ကွင်းသရုပ်ပြ ဆောင်ရွက်ခြင်းကို ဩဂုတ်လ(၁၄) ရက်နေ့က တံတားဦးမြို့ မီးသွေးတိုက်ကျေးရွာအုပ်စု တောင်သူ ဦးသိန်းဝင်း၏ လယ်မြေ(၃)ဧက၌ ကျင်းပပြုလုပ်သည်။ လက်ဆွဲမျိုးစေ့ချကိရိယာအသုံးပြု၍ စပါးစိုက်ပျိုးခြင်းဖြင့် လယ်ယာလုပ်သား လိုအပ်ချက်များကိုလျှော့ချနိုင်ခြင်း၊ လုပ်ငန်းပြီးစီးမှုမြန်ဆန်ကာ အချိန်ကုန်သက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု သက်သာခြင်းကြောင့် စိုက်ပျိုးစရိတ်လျှော့ချနိုင်ခြင်း၊ အပင်ပေါက်ကောင်းခြင်းနှင့် ပင်ကြား တန်းကြား ညီညာစွာစိုက်ပျိုးနိုင်ခြင်းတို့ကြောင့် ပေါင်းလိုက်ရာတွင် လွယ်ကူစွာလုပ်ဆောင်နိုင်ခြင်း၊ သီးနှံအထွက်တိုးခြင်း တို့ကြောင့် တောင်သူများအားထားရသည့် စက်ကိရိယာတစ်ခုဖြစ်သည်။