"(၁၆ - ၈ - ၂၀၂၅ )ရက်နေ့ ကြေးမုံသတင်းစာ စာမျက်နှာ(၁၀)နှင့် မြဝတီသတင်းစာ စာမျက်နှာ(၂၇)"
  • Sat, 16 August 2025

"(၁၆ - ၈ - ၂၀၂၅ )ရက်နေ့ ကြေးမုံသတင်းစာ စာမျက်နှာ(၁၀)နှင့် မြဝတီသတင်းစာ စာမျက်နှာ(၂၇)"


၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၅)ရက်


စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် တို့သည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ(၁၅)ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ (အင်းကုန်း) မြို့သို့ရောက်ရှိကြရာ စက်ရုံအစည်းအဝေးခန်းမ၌ စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်စက်ရုံမှူးတို့က စက်ရုံသမိုင်းအကျဉ်း၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ လယ်ယာသုံးစက်ကိရိယာများထုတ်လုပ်ပေးနိုင်မှု၊ သုတေသန လုပ်ငန်းဆောင်ရွက်၍ လယ်ယာသုံးစက်ပစ္စည်း ကိရိယာများ စမ်းသပ်ထုတ်လုပ်ခဲ့မှုတို့ကို ရှင်းလင်းတင်ပြကြပါသည်။

တင်ပြမှုအပေါ် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာသုံးစက်ကိရိယာများ၏အခန်းကဏ္ဍသည် အရေးကြီးကြောင်း လယ်ယာစိုက်ပျိုးရေးအတွက် လိုအပ်လျက်ရှိသည့် စက်ကိရိယာများ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်၊ စနစ်တကျထုတ်လုပ်နိုင်ရန်စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့မှသာ MSME လုပ်ငန်းတွင်ပါဝင်သော စက်မှုကုန်ထုတ်လုပ်ငန်ူများ ချိတ်ဆက်ပါဝင်လာပြီး တစ်နိုင်ငံလုံအတိုင်းအတာဖြင့် လိုအပ်သည့် စံပြုစက်ကိရိယာများ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းဆွေးနွေးပြောကြားသည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းစက်မှုလုပ်ငန်းရှင်များအနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းသုံး စက်ပစ္စည်းကိရိယာများကို စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း MSMEများ ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာ၊ အရင်းအနှီး ဈေးကွက်ထိုးဖောက်နိုင်ရန် လိုအပ်ကြောင်း၊ လယ်ယာသုံးစက်ကိရိယာများ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရေး လိုအပ်သော နည်းပညာများရရှိရန် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ လယ်ယာသုံးစက်ကိရိယာများ အရည်အသွေးကောင်းမွန်အောင် ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း လိုအပ်ချက်များရှိပါက ပေါင်းစပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် စက်ရုံအတွင်း စက်ပစ္စည်းများတပ်ဆင်ထားရှိမှု၊ ထုတ်လုပ်ထားရှိသော လယ်ယာသုံးစက်ပစ္စည်းကိရိယာများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။