- Wed, 13 August 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၁)ရက်
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၁၃)စက်မှုလယ်ယာစခန်း၊ မြန်အောင်မြို့၌ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်း ဖွင့်လှစ်ပွဲအား ဩဂုတ်လ(၁၁)ရက်နေ့က ကျင်းပရာ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းအား သင်တန်းသား (၄၂)ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ ဩဂုတ်လ(၁၁)ရက်မှ (၂၂)ရက်ထိ စာတွေ့/လက်တွေ့ ပို့ချသင်ကြားပေးသွားမည်ဖြစ်သည်။

