"(၁၂ - ၈ - ၂၀၂၅ )ရက်နေ့ ကြေးမုံသတင်းစာ စာမျက်နှာ(၁၅)နှင့် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ (၂၀)"
  • Tue, 12 August 2025

"(၁၂ - ၈ - ၂၀၂၅ )ရက်နေ့ ကြေးမုံသတင်းစာ စာမျက်နှာ(၁၅)နှင့် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ (၂၀)"


၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၁)ရက်

 

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၃၃)စက်မှုလယ်ယာစခန်း၊ဓနုဖြူမြို့၌ အမှတ်စဉ် (၁/၂၀၂၅) ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်း ဖွင့်လှစ်ပွဲအား ဩဂုတ်လ(၁၁)ရက်နေ့နံနက်ပိုင်းက ကျင်းပရာ စက်မှုလယ်ယာဦးစီးဌာန၊ခရိုင်ဦးစီးဌာနမှူးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သင်တန်းနည်းပြဆရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းအား သင်တန်းသား (၂၅)ဦးတက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ ဩဂုတ်လ(၁၁)ရက်မှ (၂၂)ရက်ထိ စာတွေ့/လက်တွေ့ ပို့ချသင်ကြားပေးသွားမည်ဖြစ်သည်။