စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့ လေ့ကျင့်သင်ကြားရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲ ကျင်းပပြီးစီးခြင်း
  • Wed, 25 February 2026

စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့ လေ့ကျင့်သင်ကြားရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲ ကျင်းပပြီးစီးခြင်း


        စက်မှုလယ်ယာဦးစီးဌာန၊ ဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့တွင် လေ့ကျင့်သင်ကြားရေး (မွမ်းမံ) သင်တန်း ၊ သင်တန်းဖွင့်ပွဲအခမ်းအနား ကို (၂၃.၂.၂၀၂၆) ရက်နေ့နံနက်(၉:၀၀)နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။


        အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား)ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ငန်း) ကသင်တန်းဖွင့် အမှာစကားပြောကြား၍ အင်းကုန်း၊ ကျောက်ဆည်မှ စက်ရုံ ၊ အလုပ်ရုံမှူးများ၊   စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း -  ကျောင်းအုပ်ကြီး၊  မိတ္ထီလာခရိုင် နှင့်    မြို့နယ်အဆင့်   စိုက်ပျိုးရေးညှိနှိုင်းကြီးကြပ်ရေး   အဖွဲ့ဝင်များ   ၊  ခရိုင်နှင့် မြို့နယ် စက်မှုလယ်ယာအဖွဲ့အစည်းများမှတာဝန်ရှိသူများ ဆရာ၊ ဆရာမများ ၊  နည်းပညာ၊  သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ်( ဘယ်လင်း၊ စဉ့်ကိုင် ) မှ  သင်တန်း ဆရာမများတက်ရောက် ခဲ့ပြီး နံနက်(၁၀:၀၀) နာရီတွင်  သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြီးစီးခဲ့ပါသည်။


        အဆိုပါသင်တန်းတွင်   နေပြည်တော်မှ  ( ၄ )ဦး ၊  တနင်္သာရီတိုင်းဒေသကြီးမှ  ( ၁ )ဦး  ၊ ပဲခူးတိုင်းဒေသကြီးမှ (၄) ဦး ၊ မကွေးတိုင်းဒေသကြီး  မှ ( ၂ ) ဦး  ၊ မန္တလေးတိုင်းဒေသ ကြီး မှ ( ၉ )ဦး  ၊ ရန်ကုန်တိုင်းဒေသကြီးမှ(၁၀)ဦး၊ မွန်ပြည်နယ်မှ (၂)ဦး၊ ရှမ်းပြည်နယ် (အရှေ့) မှ  (၃)ဦး ၊ ရှမ်းပြည်နယ် (တောင်) မှ(၆)ဦး ၊ ဧရာဝတီတိုင်းဒေသကြီးမှ (၈) ဦး  စုစုပေါင်း သင်တန်း သား (၄၉) ဦး  တက်ရောက် ခဲ့ကြပြီးယခုသင်တန်းကို (၂၃.၂.၂၀၂၆)နေ့မှ  (၆.၃.၂၀၂၆) နေ့ထိ ရက်သတ္တပတ် (၂) ပတ်ကြာ ဖွင့်လှစ် သင်ကြားမည်ဖြစ်ပါသည်။