စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့ လေ့ကျင့်သင်ကြားရေး (မွမ်းမံ) သင်တန်း ဆင်းပွဲကျင်းပပြီးစီးခြင်း
  • Fri, 6 March 2026

စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့ လေ့ကျင့်သင်ကြားရေး (မွမ်းမံ) သင်တန်း ဆင်းပွဲကျင်းပပြီးစီးခြင်း


စက်မှုလယ်ယာဦးစီးဌာန၊ ဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့တွင် လေ့ကျင့်သင်ကြားရေး (မွမ်းမံ) သင်တန်း ၊ သင်တန်းဆင်းပွဲအခမ်းအနားကို (၆.၃.၂၀၂၆) ရက်နေ့နံနက်(၉:၀၀)နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

                     အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ( ကိုယ်စား )  ဗဟိုသင်တန်းကျောင်း  - ကျောင်းအုပ်ကြီး  က သင်တန်းဆင်း  အမှာစကား ပြောကြား၍     စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း-ဘုရားကြီး နှင့် စက်မှုလယ်ယာသင်တန်းကျောင်း - ရေဆင်း တို့မှ  ဒု-ကျောင်းအုပ်များ ၊  စက်မှုလယ်ယာဦးစီးဌာန ၊  မိတ္ထီလာခရိုင်ဦးစီးဌာနမှူး ၊ မြို့နယ်ဦးစီးဌာနမှူးနှင့်  ဦးစီးအရာရှိများ၊ သင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ပြီး  နံနက် (၁၀:၀၀) နာရီ တွင်  သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြီးစီးခဲ့ပါသည်။

                     အဆိုပါသင်တန်းသည် ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်းများတွင် Grade-12 သင်ရိုးညွှန်းတမ်းတွင်ပါရှိသည့် “လယ်ယာသုံး စက်ကိရိယာဘာသာရပ်” ကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချမည့် စက်မှုလယ်ယာဦးစီးဌာန မှ ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးသည့် သင်တန်းတစ်ခုဖြစ်ပါသည်။