- Sat, 21 March 2026
စက်မှုလယ်ယာဦးစီးဌာန၊ ဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့တွင် အမှတ်စဉ် (၅/၂၀၂၅-၂၀၂၆) လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနား ကို (၂၀.၃.၂၀၂၆) ရက်နေ့နံနက် (၉:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ( ကိုယ်စား ) ဗဟိုသင်တန်းကျောင်း - ကျောင်းအုပ်ကြီးက သင်တန်းဆင်းအမှာစကားပြောကြား၍ စက်မှုလယ်ယာဦးစီးဌာန ၊ မိတ္ထီလာခရိုင်ဦးစီးဌာနမှူး ၊ မြို့နယ်ဦးစီးဌာနမှူးနှင့် ဦးစီးအရာရှိ များ ၊ ဗဟို သင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့်ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ပြီး နံနက် ( ၁၀:၀၀ ) နာရီတွင် သင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပပြီးစီးခဲ့ပါသည်။
အဆိုပါသင်တန်းတွင် ကချင်ပြည်နယ်မှ(၆) ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ(၂)ဦး၊ မကွေး တိုင်းဒေသကြီးမှ(၂)ဦး ၊ မန္တလေးတိုင်းဒေသကြီးမှ(၃၆)ဦး ၊ နေပြည်တော်မှ(၄)ဦး ၊ စုစုပေါင်း သင်တန်း သား (၅၀) ဦးတက်ရောက်ခဲ့ကြပြီး (၂၆.၁.၂၀၂၆) ရက်နေ့မှ (၂၀.၃.၂၀၂၆) ရက်နေ့ထိ ရက်သတ္တပတ်( ၈ ) ပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ ပါသည်။
အဆိုပါသင်တန်းဆင်းလူငယ်များသည် စက်မှုလယ်ယာဦးစီးဌာနနှင့် လယ်ယာသုံးစက် ကိရိယာဝန်ဆောင်မှုကုမ္ပဏီများ ၊ ကိုယ်ပိုင်လယ်ယာလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ကြမည် ဖြစ်သည်။
အမှတ်စဉ် ( ၁/၂၀၂၆-၂၀၂၇ ) လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု ( အထူး ) သင်တန်းကိုလည်း ၂၀၂၆ ခုနှစ် မေလ တတိယပတ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီးသင်တန်းတက်ရောက် လိုပါကနီးစပ်ရာ စက်မှုလယ်ယာအဖွဲ့အစည်းများနှင့် ဖုန်းနံပါတ် - ၀၉ -၂၀၄၂၃၉၁၊ ၀၉ - ၄၂၉၆၂၄၀၈၄၊ ၀၉-၇၉၀၂၉၂၇၀၀ တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း သတင်းရရှိပါသည်။
