- Thu, 9 April 2026
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့၌ရှိသော စက်မှုလယ်ယာဦးစီးဌာန၊ဗဟိုသင်တန်း ကျောင်းတွင် အမှတ်စဉ်( ၁/၂၀၂၆-၂၀၂၇ ) လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး) သင်တန်းကို (၁၈.၅.၂၀၂၆) မှ (၁၀.၇.၂၀၂၆) ထိ ရက်သတ္တပတ်(၈)ပတ်ကြာ ဖွင့်လှစ်မည် ဖြစ်ပါ သည်။ သင်တန်းတက်ရောက်လိုသော လူငယ်များအနေဖြင့် အောက်ဖော်ပြပါသတ်မှတ်ချက်များ နှင့် ကိုက်ညီပါက သင်တန်းတက်ရောက်နိုင်ရန် လျှောက်ထားနိုင်ပါသည်။
(က) အသက်(၁၈)နှစ်မှ(၃၅)နှစ်အတွင်းဖြစ်ရမည်။
( ခ) အခြေခံပညာအလယ်တန်း (သို့မဟုတ်) Grade-9 အောင်မြင်ပြီးသူ ဖြစ်ရမည်။
( ဂ) လယ်ယာသုံးစက်ကိရိယာများကို စိတ်ဝင်စားပြီး ကျန်းမာသန်စွမ်းသူအမျိုးသားဖြစ်ရမည်။
(ဃ) သင်တန်းကာလပြီးဆုံးအောင် အချိန်ပြည့် တက်ရောက်နိုင်သူဖြစ်ရမည်။
သင်တန်းကြေး အခမဲ့ဖြစ်ပြီး နေထိုင်ရန်နေရာစီစဉ်ပေးပါသည်။ စားစရိတ်အဖြစ် တစ်လလျှင် ၄၅၀၀၀ ကျပ် ထောက်ပံ့မည်ဖြစ်ပါသည်။ သင်တန်းကာလအတွင်း သင်တန်းသားဝတ်စုံ (၂) စုံ စီစဉ်ပေးပါသည်။ သင်တန်းသားကိုင် သင်ရိုးစာအုပ်ကုန်ကျစရိတ်ကို သင်တန်းသားမှ ကျခံရပါမည်။ သင်တန်းတက်ရောက်လိုပါက မိမိနှင့်နီးစပ်ရာစက်မှုလယ်ယာ အဖွဲ့အစည်းများဖြစ်သည့် စက်မှု လယ်ယာစခန်းများ၊ အလတ်စားစက်ပြင်အလုပ်ရုံများ၊ ခရိုင်စက်မှုလယ်ယာရုံးများ၊ တိုင်းဒေသကြီး/ ပြည်နယ် စက်မှုလယ်ယာရုံးများနှင့် သင်တန်းကျောင်းများတွင် စုံစမ်းမေးမြန်းနိုင်ပါ သည်။
သင်တန်းတက်ရောက်လိုပါက - 09 – 449449933 ၊ 09 – 2042391 ၊ 09 – 429624084
09 -798286562 ၊ 09-790292700
တို့ကို ဆက်သွယ်စုံစမ်းစုံစမ်းမေးမြန်းနိုင်ပါသည်။
အလုပ်အကိုင်အခွင့်အလမ်း - လယ်ယာသုံးစက်ကိရိယာနှင့် ဆက်စပ်သောကုမ္ပဏီများ/အဖွဲ့အစည်း
များနှင့် စက်မှုလယ်ယာဦးစီးဌာနတွင် စက်မောင်း/ စက်ပြင် အဖြစ်
အလုပ်အကိုင်များ ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။
&nb
