လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အထူး) သင်တန်းအတွက် သင်တန်းသားများခေါ်ယူခြင်း
  • Mon, 27 April 2026

လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အထူး) သင်တန်းအတွက် သင်တန်းသားများခေါ်ယူခြင်း



နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ရှိသော စက်မှုလယ်ယာသင်တန်းကျောင်း (ရေဆင်း) တွင် အမှတ်စဉ် (၁/၂၀၂၆-၂၀၂၇) လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး) သင်တန်းကို (၁-၆-၂၀၂၆) မှ (၂၄-၇-၂၀၂၆) ထိ ရက်သတ္တပတ် (၈) ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်လိုသော တောင်သူများအနေဖြင့် အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက သင်တန်းတက်ရောက်နိုင်ရန် လျှောက်ထားနိုင်ပါသည်-
(က) အသက်(၁၈) နှစ်မှ (၃၅) နှစ်အတွင်း ဖြစ်ရမည်။
(ခ) အခြေခံပညာ (၈) တန်း/ Grade-9 အောင်မြင်ပြီးသူ ဖြစ်ရမည်။
(ဂ) လယ်ယာသုံးစက်ကိရိယာများကိုစိတ်ဝင်စားပြီး ကျန်းမာသန်စွမ်းသူ အမျိုးသား ဖြစ်ရမည်။
(ဃ) သင်တန်းကာလပြီးဆုံးအောင် အချိန်ပြည့် တက်ရောက်နိုင်သူ ဖြစ်ရမည်။
မည်သည့်သင်တန်းကြေးမှပေးသွင်းရန်မလိုဘဲ အခမဲ့ သင်ကြားပေးမည်ဖြစ်ကာ သင်တန်းကာလအတွင်း ရေ၊ မီး၊ နေထိုင်စားသောက်ရေး (စားစရိတ် တစ်ရက်လျှင် ၁၅၀၀ ကျပ်နှုန်း)နှင့် စာရွက်စာတမ်းကို ဌာနမှ ကျခံဆောင်ရွက်ပေးမည်။ သင်တန်းတွင် လိုအပ်မည့်ဝတ်စုံများအား ယာယီ ထုတ်ပေးမည်။ လယ်ယာသုံးစက်ကိရိယာများ မောင်းနှင်အသုံးပြုခြင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လက်သုံးကိရိယာများ အသုံးပြုခြင်း၊ ထွန်စက်ကြီး၊ ထွန်ယက်ကိရိယာအမျိုးမျိုး၊ ရိတ်သိမ်းခြွေလှေ့စက်၊ ကောက်စိုက်စက်၊ မျိုးစေ့ချစက်၊ လက်တွန်းထွန်စက်မောင်းနှင်နည်းနှင့် ထိန်းသိမ်းကြံ့ခိုင်နည်းများ သင်ကြားပေးမည် ဖြစ်ပါသည်။
သင်တန်းပြီးဆုံးအောင်တက်ရောက်ပါက သင်တန်းပြီးမြောက်ကြောင်း အောင်လက်မှတ် ထုတ်ပေးမည်ဖြစ်ကာ တောင်သူသင်တန်းသားများအတွက် ဝန်ထမ်းခန့်ထားရေး ကူညီဆောင်ရွက်ပေးပါမည်။
သင်တန်းတက်ရောက်လိုပါက ၀၉-၄၂၈၄၆၁၄၂၇ ၊ ၀၉-၆၉၆၂၃၂၈၂၃ တို့ကို ဆက်သွယ်စာရင်းပေးနိုင်သည့်အပြင် မိမိနီးစပ်ရာ စက်မှုလယ်ယာအဖွဲ့အစည်းများ ဖြစ်သည့် စက်မှုလယ်ယာစခန်းများ၊ အလတ်စားစက်ပြင်အလုပ်ရုံများ၊ ပင်မစက်ပြင်ရုံများ၊ သင်တန်းကျောင်းများနှင့် ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများတွင်လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။