စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့ အမှတ်စဉ်(၁/၂၀၂၆-၂၀၂၇) လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အထူး)သင်တန်း ဖွင့်ပွဲ ကျင်းပ
  • Wed, 20 May 2026

စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့ အမှတ်စဉ်(၁/၂၀၂၆-၂၀၂၇) လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အထူး)သင်တန်း ဖွင့်ပွဲ ကျင်းပ


စက်မှုလယ်ယာဦးစီးဌာန၊ ဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့တွင် အမှတ်စဉ် (၁/၂၀၂၆-
၂၀၂၇) လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း၊ သင်တန်းဖွင့်ပွဲအခမ်းအနား ကို (၁၈.၅.၂၀၂၆) ရက်နေ့နံနက် (၉:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
        အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မိတ္ထီလာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ မှ သင်တန်းဖွင့်အမှာစကားပြောကြား၍ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မိတ္ထီလာခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီတို့မှ အဖွဲ့ဝင်များ၊ မိတ္ထီလာခရိုင်နှင့် မြို့နယ်အဆင့် စိုက်ပျိုးရေးညှိနှိုင်းကြီးကြပ်ရေးအဖွဲ့ဝင် များ စက်မှုလယ်ယာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးဌာနမှူး၊ မြို့နယ်ဦးစီးဌာနမှူးနှင့် ဦးစီးအရာရှိများ၊ ဗဟို သင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် ဆရာ၊ဆရာမများ၊  Farmer Choice Tractor Co;Ltd မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး နံနက်(၁၀:၀၀)နာရီတွင် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ ပြီးစီးခဲ့ပါသည်။
        အဆိုပါသင်တန်းတွင်   နေပြည်တော်မှ(၂)ဦး ၊  စစ်ကိုင်းတိုင်းဒေသကြီးမှ (၅)ဦး၊   မကွေး တိုင်းဒေသကြီးမှ(၈)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၁)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၃၀)ဦး၊  ဧရာဝတီတိုင်း ဒေသကြီးမှ(၁)ဦး၊  ရှမ်းပြည်နယ် (တောင်ပိုင်း)မှ(၆)ဦး၊  ရှမ်းပြည်နယ်(မြောက်ပိုင်း) မှ(၁)ဦး၊  စုစုပေါင်း သင်တန်းသား ( ၅၄ ) ဦး  တက်ရောက်ခဲ့ကြပြီး ယခုသင်တန်းကို  (၁၈.၅.၂၀၂၆) နေ့မှ (၁၀.၇.၂၀၂၆) နေ့ ထိ ရက်သတ္တပတ် (၈)ပတ်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။