လယ်ယာသုံးစက်ကိရိယာ အသိပညာ၊ အတတ်ပညာများ ဖြန့်ဖြူးပေးခြင်း
လယ်ယာသုံးစက်ကိရိယာအမျိုးမျိုးအား စနစ်တကျ မောင်းနှင်အသုံးပြုနိုင်ရန်နှင့် ပြုပြင်ထိန်းသိမ်းနိုင်ရန် မျိုးဆက်သစ် တောင်သူလယ်သမားလူငယ်များအား စက်မှုလယ်ယာသင်တန်းကျောင်းများ၊ စက်ပြင်အလုပ်ရုံများနှင့် မြို့နယ်စက်မှုလယ်ယာစခန်းများတွင် သင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
| စဉ် | တည်နေရာ | သင်တန်းအမျိုးအစား | သင်တန်းကာလ |
|---|---|---|---|
| ၁ | စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း (မိတ္ထီလာမြို့) | လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှုလက်မှတ်ရသင်တန်း | ၁ နှစ် |
| လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း | ၈ ပတ် | ||
| ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း | ၈ ပတ် | ||
| ၂ | စက်မှုလယ်ယာသင်တန်းကျောင်း (ဘုရားကြီးမြို့) | လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း | ၈ ပတ် |
| ၃ | စက်မှုလယ်ယာသင်တန်းကျောင်း (နေပြည်တော်) | လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း | ၈ ပတ် |
| ၄ | ပင်မစက်ပြင်အလုပ်ရုံ (ရန်ကုန်/ကျောက်ဆည်မြို့) | လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း | ၄ ပတ် |
| ရိတ်သိမ်းခြွေလှေ့စက်ပြုပြင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း | ၄ ပတ် | ||
| ၅ | အလတ်စားစက်ပြင်အလုပ်ရုံ (ပျဉ်းမနား/ဟင်္သာတ/မကွေး/ မြောင်းမြ/မအူပင်/မုံရွာ/သထုံ/ရွှေညောင်မြို့) |
လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း | ၄ ပတ် |
| ၆ | တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်မှုလယ်ယာစခန်းများ | လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း | ၂ ပတ် |
