လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အထူး) သင်တန်းအတွက် သင်တန်းသားများခေါ်ယူခြင်း

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၃)ရက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၌ရှိသော စက်မှုလယ်ယာဦးစီးဌာန၊ ဗဟိုသင်တန်းကျောင်းတွင် အမှတ်စဉ် (၃/၂၀၂၄-၂၀၂၅) လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး) သင်တန်းကို (၁၃-၁-၂၀၂၅) မှ (၇-၃-၂၀၂၅) ထိ ရက်သတ္တပတ် (၈) ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်လိုသော တောင်သူများအနေဖြင့် အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက သင်တန်းတက်ရောက်နိုင်ရန် လျှောက်ထားနိုင်ပါသည်-
(က) အသက်(၁၈) နှစ်မှ (၃၅) နှစ်အတွင်း ဖြစ်ရမည်။
(ခ) အခြေခံပညာ (၈) တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။
(ဂ) လယ်ယာသုံးစက်ကိရိယာများကိုစိတ်ဝင်စားပြီး ကျန်းမာသန်စွမ်းသူ အမျိုးသား ဖြစ်ရမည်။
(ဃ) သင်တန်းကာလပြီးဆုံးအောင် အချိန်ပြည့် တက်ရောက်နိုင်သူ ဖြစ်ရမည်။
သင်တန်းတက်ရောက်လိုပါက ၀၉-၉၆၅၈၇၆၁၂၂ ၊ ၀၉-၄၃၀၄၇၁၄၁ ၊ ၀၉-၄၄၅၆၄၅၈၄၇ ၊ ၀၉-၄၀၁၁၇၁၁၀၉ ၊ ၀၉-၉၅၆၃၅၄၈၂၄ တို့ကို ဆက်သွယ်စုံစမ်းနိုင်သည့်အပြင် မိမိနီးစပ်ရာ စက်မှုလယ်ယာအဖွဲ့အစည်းများ ဖြစ်သည့် ထွန်စက်စခန်းများ၊ အလတ်စားစက်ပြင်အလုပ်ရုံများ၊ ပင်မစက်ပြင်ရုံများ၊ သင်တန်းကျောင်းများနှင့် ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများတွင်လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။

ဒု-ဦးစီးမှူး (လုပ်ငန်းခွင်ဝင်) သင်တန်းအမှတ်စဉ်(၁/၂၀၂၄ -၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာ သင်တန်းကျောင်း (ရေဆင်း)၌ (၉.၁၂.၂၀၂၄)ရက်နေ့၊ နံနက် ၉:၀၀ နာရီတွင် ဒု-ဦးစီးမှူး (လုပ်ငန်းခွင်ဝင်) သင်တန်း အမှတ်စဉ် (၁/၂၀၂၄ -၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို သင်တန်းကျောင်း ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲသို့ စက်မှုလယ်ယာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး(စီမံကိန်း)၊ စက်မှုလယ်ယာသင်တန်းကျောင်း(ရေဆင်း)မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် သင်တန်းနည်းပြဆရာ/ဆရာမများ၊ သင်တန်သား ဒု-ဦးစီးမှူး ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် ဌာနမှ အားကိုးအားထားထိုက်သော စည်းကမ်းပြည့်ဝ၍ လုပ်ငန်းစွမ်းဆောင်ရည်များ ကောင်းမွန်စေမည့်ဝန်ထမ်းကောင်းများ ဖြစ်ပေါ်လာစေရေး အတွက် ဆွေးနွေးသင်ကြား ပို့ချပေးသွားမှာ ဖြစ်ပါသည်။ သင်တန်းသို့ စက်မှုလယ်ယာဦးစီးဌာန(ရုံးချုပ်)မှ ဒု-ဦးစီးမှူး ဝန်ထမ်း (၂၂)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၉.၁၂.၂၀၂၄)ရက်နေ့မှ (၂၀.၁၂.၂၀၂၄)ရက်နေ့ထိ ဖြစ်ပါသည်။

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ စနစ်ကျ လယ်ယာမြေဖော်ထုတ်ရေးအဖွဲ့ (အထက်မြန်မာပြည်)၊ လယ်ဝေးမြို့မှ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျကျေးရွာ အုပ်စု၊‌ မအူတောကျေးရွာအုပ်စု၊ သက်နှင်းအင်းကျေးရွာအုပ်စုတို့တွင် စနစ်ကျလယ်မြေ (၂၆၀.၇၀) ဧက ဖော်ထုတ်ရန်လိုအပ်သော လုပ်ငန်းသုံးပစ္စည်း (၂) မျိုးအား ဝယ်ယူလိုပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
အိတ်ဖွင့်တင်ဒါပုံစံနှင့် တင်ဒါစည်းမျဉ်း၊ စည်းကမ်းများအား အသေးစိတ်သိရှိလိုပါက ဖုန်း၊ ၀၆၇-၈၀၂၄၃၇၀ ၊ ၀၉-၂၅၀၈၉၃၃၉၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဦးစီးအရာရှိ(လုပ်ငန်းခွင်)သင်တန်း အမှတ်စဉ် (၁/၂၀၂၄-၂၀၂၅) သင်တန်းဖွင့်လှစ်

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်

စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့၌ (၁၁.၁၁.၂၀၂၄)ရက်နေ့၊ နံနက် ၉:၀၀ နာရီတွင် ဦးစီးအရာရှိ(လုပ်ငန်းခွင်)သင်တန်း အမှတ်စဉ် (၁/၂၀၂၄-၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို သင်တန်းကျောင်းခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ကိုယ်စား ဗဟိုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ ကျောင်းအုပ်ကြီးနှင့် သင်တန်းနည်းပြဆရာ/ဆရာမများ၊ ခရိုင်တာဝန်ခံ၊ မြို့နယ်တာဝန်ခံများနှင့် သင်တန်းသား (၄၄) ဦး တက်ရောက်ခဲ့ပါသည်။

"စနစ်ကျလယ်မြေဖော်ထုတ်ခြင်းနှင့် ကုန်းမြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး" စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှုဖြင့် (၃၉) ကြိမ်မြောက် စကားဝိုင်းဆွေးနွေးပွဲအား "စနစ်ကျလယ်မြေ ဖော်ထုတ်ခြင်းနှင့် ကုန်းမြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး" ခေါင်းစဉ်ဖြင့် (၆-၁၁-၂၀၂၄) ရက်နေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရုံးအမှတ် (၁၅)၊ စုဝေးဆောင်ခန်းမတွင် ကျင်းပခဲ့ရာ  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တို့နှင့် ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

စာရေးဝန်ထမ်းကြီးကြပ်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၄-၂၀၂၅) သင်တန်းဖွင့်လှစ်

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၄)ရက်

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာ သင်တန်းကျောင်း(ရေဆင်း)၌ (၄.၁၁.၂၀၂၄)ရက်နေ့၊ နံနက် ၉:၀၀ နာရီတွင် စာရေးဝန်ထမ်း ကြီးကြပ်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၄-၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို သင်တန်းကျောင်းခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း) ဦးနိုင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ စက်မှုလယ်ယာဦးစီးဌာနရုံးချုပ်မှ ညွှန်ကြားရေးမှူး(စီမံကိန်း)၊ စက်မှုလယ်ယာ သင်တန်းကျောင်း(ရေဆင်း)မှ ကျောင်းအုပ်ကြီးနှင့် သင်တန်းနည်းပြဆရာ/ဆရာမများ၊ သင်တန်သား ရုံးအုပ်နှင့်စာရင်းကိုင်(၁)ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် စက်မှုလယ်ယာဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် စက်မှုလယ်ယာစနစ်သို့ အပြည့်အဝ ကူးပြောင်းရေးလုပ်ငန်းစဉ်များ၊ လုပ်ငန်းစီမံချက်များ၊ နည်းပညာသစ်စက်ကိရိယာများနှင့် စက်မှုလယ်ယာဗဟုသုတများ၊ ခေတ်နှင့်အညီပြောင်းလဲလာသော လမ်းညွှန်ချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ စီမံခန့်ခွဲရေးနှင့် ငွေစာရင်းဆိုင်ရာကိစ္စရပ်များကို စက်မှုလယ်ယာဦးစီးဌာနရှိ ဌာနခွဲအသီးသီးမှ ဆွေးနွေးသင်ကြား ပို့ချပေးသွားမှာဖြစ်ပါသည်။
သင်တန်သား ရုံးအုပ်နှင့်စာရင်းကိုင်(၁)ဝန်ထမ်းများသည် မိမိတို့တာဝန်ထမ်းဆောင်ရာ   နယ်ပယ်အသီးသီး၌ စက်မှုလယ်ယာကူးပြောင်းရေး လုပ်ငန်းစဉ်များအား  အကောင်အထည်ဖော်   ဆောင်ရွက်ရာမှာ သိသင့်သိထိုက်သည့် လုပ်ငန်းစီမံချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ၊ စက်မှုလယ်ယာဗဟုသုတများကို သိရှိနားလည်ဆွေးနွေးနိုင်ပြီး လုပ်ငန်း စွမ်းဆောင်ရည်များ တိုးတက်လာစေမည်ဖြစ်ပါသည်။ သင်တန်းသို့ စက်မှုလယ်ယာဦးစီးဌာနရုံးချုပ်၊တိုင်းဒေသကြီး/ပြည်နယ်၊ သင်တန်းကျောင်း နှင့် စက်ရုံများမှ ရုံးအုပ်နှင့်စာရင်းကိုင်(၁)ဝန်ထမ်း (၂၃)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ (၄.၁၁.၂၀၂၄)ရက်နေ့မှ (၁၄.၁၁.၂၀၂၄)ရက်နေ့ထိ ဖြစ်ပါသည်။

လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုလက်မှတ်ရသင်တန်း အမှတ်စဉ်(၃) သင်တန်းဖွင့်လှစ်

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂၃)ရက်

လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုလက်မှတ်ရသင်တန်း အမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်မှုလယ်ယာဦးစီးဌာန၊ ဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့ စုဝေးခန်းမတွင် (၂၃.၁၀.၂၀၂၄)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပြီး စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိတ္ထီလာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စက်မှုလယ်ယာဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး ဦးစီးဌာနမှူး၊ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန လက်အောက်ရှိဌာနများမှ မိတ္ထီလာခရိုင် တာဝန်ခံအရာရှိများ တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းအား သင်တန်းသား (၄၀)ဦးဖြင့် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ကာလရှည်(၁)နှစ်သင်တန်းဖြစ်ကာ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှုပညာရပ်များသာမက စက်ပြင်ဆင်မှုပညာရပ်များကိုပါ တပြိုင်တည်းကျွမ်းကျင်တတ်မြောက်သည်အထိ စာတွေ့၊လက်တွေ့လေ့ကျင့်သင်ကြားပို့ချပေးမည့် သင်တန်းဖြစ်ပါသည်။ အဓိက ဘာသာရပ်(၈)မျိုး ဖြစ်သည့် ထွန်စက်ကြီးနှင့်တွဲဖက်ကိရိယာအမျိုးမျိုး မောင်းနှင်ထိန်းသိမ်းနည်းနှင့် ပြင်ဆင်ရေး ဘာသာရပ်၊ လက်တွန်းထွန်စက်မောင်းနှင်ထိန်းသိမ်းနည်းနှင့် ပြင်ဆင်ရေးဘာသာရပ်၊ ကောက်စိုက်စက်မောင်းနှင်ထိန်းသိမ်းနည်းနှင့် ပြင်ဆင်ရေး ဘာသာရပ်၊ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းနည်းနှင့် ပြင်ဆင်ရေးဘာသာရပ်များအပြင် အထောက်အကူပြု ဘာသာရပ်များဖြစ်သည့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ အလုပ်ရုံသုံးကိရိယာများ၊ အခြေခံလျှပ်စစ် ပြုပြင်ထိန်းသိမ်းနည်းနှင့် Life Skills & 5S Methodology (Sort, Set in Order, Shine, Standardize and Sustain) တို့အား သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။

လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး) သင်တန်း ဖွင့်လှစ်

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၇)ရက်

မြန်မာ့လယ်ယာကဏ္ဍတွင် လယ်ယာသုံးစက်ကိရိယာများ တိုးတက်သုံးစွဲလာသည်နှင့်အမျှ တောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများအား ထိထိရောက်ရောက် အသုံးပြုနိုင်ရန်နှင့် မှန်ကန်စွာ ထိန်းသိမ်းနိုင်ရန်အတွက် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အထူး) သင်တန်းအား စက်မှုလယ်ယာဦးစီးဌာန၊ ဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့တွင် (၇-၁၀-၂၀၂၄) ရက်နေ့၌ သင်တန်းသား (၃၀) ဦးဖြင့် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၈) ပတ်ကြာမြင့်မည်ဖြစ်ကာ နေ/စား/သင်တန်းစရိတ် အခမဲ့ ဖြစ်ပါသည်။

ဒု-ဦးစီးမှူးရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၆)ရက်

၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒု-ဦးစီးမှူး(လစာနှုန်း ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)အဆင့်ရှိရာထူး ကျား(၃၀) နေရာအတွက် လျှောက်လွှာတင်သွင်းနိုင်ပါသည်။
၂။ လျှောက်ထားသူများသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက (၃၁.၁၀.၂၀၂၄)ရက်နေ့တွင် အသက်(၃၀)နှစ်ထက် မကျော်လွန်စေရ။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက (၃၁.၁၀.၂၀၂၄)ရက်နေ့တွင် အသက်(၃၅)နှစ် ထက်မကျော်လွန်စေရ။(သက်ဆိုင်ရာဌာနအကြီးအကဲ၏ ခွင့်ပြုချက်ဖြင့်ဝန်ကြီးဌာန မှတစ်ဆင့် လျှောက်ထားရမည်။)
(ဂ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဃ) အနည်းဆုံးရှိရမည့်ပညာအရည်အချင်းသတ်မှတ်ချက်မှာ-AGTI(Mechanical)/(AMT)/(MP)/(MT) ဒီပလိုမာလက်မှတ်ရရှိပြီးသူဖြစ်ရမည်။
(င) ရွေးချယ်ခန့်ထားခြင်းခံရပါက စက်မှုလယ်ယာဦးစီးဌာနတွင် အနည်းဆုံး(၃)နှစ် တာဝန်ထမ်းဆောင်နိုင်ကြောင်း ဝန်ထမ်းသစ်ခန့်ထားရေးကတိခံဝန်ချက်စာချုပ် ချုပ်ဆိုရမည်ဖြစ်ပါသည်။
(စ) ဒေသမရွေးသွားရောက် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။ လျှောက်လွှာတွင်ပါရှိသောအချက်များကို ပြည့်စုံစွာရေးသွင်းရမည်ဖြစ်ပြီး လျှောက်လွှာ ပုံစံကို စက်မှုလယ်ယာဦးစီးဌာန၏ Website ဖြစ်သည့် http://amd.moali.gov.mm နှင့် Facebook Page “Agricultural Mechanization Department” တွင် download ရယူနိုင်ပါသည်။ (လျှောက်လွှာရောင်းချခြင်း/ထုတ်ပေးခြင်းမပြုပါ)
၄။ လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများအား ပူးတွဲပါရှိရပါမည်-
(က) ရက်သတ္တပတ်(၂)ပတ်အတွင်း ရိုက်ကူးထားသော(၁"x၁.၂၅")အရွယ် ပါတ်စ်ပို့ဓါတ်ပုံ (၃)ပုံ
(ခ) တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မိတ္တူ
(ဂ) ဘွဲ့/ဒီပလိုမာလက်မှတ်မိတ္တူ
(ဃ) အခြားရရှိထားသည့် အသိအမှတ်ပြုလက်မှတ်မိတ္တူများ
(င) အလုပ်သမားမှတ်ပုံတင်မိတ္တူ
(စ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
(ဆ) အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ
(ဇ) ကျန်းမာကြောင်း ဆေးလက်မှတ်မူရင်း
(ဈ) အကျင့်စာရိတ္တကောင်းမွန်ကြောင်းသက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မူရင်း
(ည) ပါတီနိုင်ငံရေးကင်းရှင်းကြောင်း ကိုယ်တိုင်ကတိဝန်ခံချက်
(ဋ) သက်ဆိုင်ရာ မြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း။
၅။ လျှောက်လွှာများကို စက်မှုလယ်ယာဦးစီးဌာန၊ ရုံးအမှတ်(၅၀) နေပြည်တော်၊ ရုံးချုပ်သို့ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ၊ အမြန်ချောပို့စနစ်ဖြင့်ဖြစ်စေ (၁၀.၁၀.၂၀၂၄)ရက်နေ့ရုံးချိန်အတွင်း နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်။
၆။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက လျှောက်လွှာအား သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အကြီးအမှူး၏ခွင့်ပြုချက်ဖြင့် တင်ပြလျှောက်ထားရမည်ဖြစ်ပြီး ခွင့်ပြုချက်မပါရှိသည့် လျှောက်လွှာ များအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
၇။ တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသူများအနေဖြင့် ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်တစ်မျိုးမျိုးကို ကျခံခဲ့ဖူးသူဖြစ်ပါက ပြစ်ဒဏ်အမျိုးအစားကို လျှောက်လွှာတွင် (မပျက်မကွက်) ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း (Dismissal) ခံရသူများ လျှောက်ထားခွင့်မရှိပါ။
၈။ လျှောက်လွှာပိတ်ရက်ထက် ကျော်လွန်ပေးပို့လာသော လျှောက်လွှာများ၊ သတ်မှတ်စည်းကမ်းချက်နှင့်မကိုက်ညီသည့် လျှောက်လွှာများနှင့် ပြည့်စုံမှုမရှိသော လျှောက်လွှာများအား လက်ခံမည်မဟုတ်ပါ။
၉။ ရေးဖြေစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတဘာသာရပ်များ ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်နှင့်နေရာကို မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာများတွင် ထပ်မံကြေညာပေးမည်။
၁၀။ ရေးဖြေစာမေးပွဲအောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည်ဖြစ်ပါသည်။
၁၁။ အသေးစိတ်သိရှိလိုပါက စက်မှုလယ်ယာဦးစီးဌာန၊ရုံးချုပ်၊ ဖုန်းနံပါတ် ၀၆၇-၄၃၁၂၁၃၊ ၀၆၇-၄၃၁၁၇၄ နှင့် ၀၆၇-၄၃၁၂၄၈ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး) သင်တန်း ဖွင့်လှစ်

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၁၂)ရက်

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စက်မှုလယ်ယာဦးစီးဌာန သင်တန်းကျောင်းရေဆင်း၌ (၈.၇.၂၀၂၃)ရက်နေ့၊ နံနက် ၉:၀၀ နာရီတွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှု (အထူး) သင်တန်းအမှတ်စဉ် (၁/၂၀၂၄ -၂၀၂၅)  သင်တန်းဖွင့်ပွဲကို သင်တန်းကျောင်းခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းသို့ တိုင်းဒေသကြီး (၂)ခု နှင့်နေပြည်တော်ပြည်ထောင်စုနယ်မြေမှ စုစုပေါင်း သင်တန်းသား (၂၈)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၈.၇.၂၀၂၄)ရက်နေ့မှ (၃၀.၈.၂၀၂၄)ရက်နေ့ထိ ဖြစ်ပါသည်။
အဆိုပါသင်တန်းတွင် တောင်သူလယ်သမားများနှင့် စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသူများအား မြေယာပြုပြင်သည်မှ ရိတ်သိမ်းခြွေလှေ့သည်အထိ အသုံးပြုနေသည့် ခေတ်မီ လယ်ယာသုံးစက်ကိရိယာများကို စနစ်တကျ ကျွမ်းကျင်စွာကိုင်တွယ် မောင်းနှင်ထိန်းသိမ်းတတ်စေသည့် အသိပညာ၊အတတ်ပညာများ လေ့ကျင့်သင်ကြားပေးခြင်းဖြင့် လယ်ယာသုံးစက်ကိရိယာများကို စနစ်တကျကိုင်တွယ်မောင်းနှင်အသုံးပြုရန်နှင့် ကြံ့ခိုင်ထိန်းသိမ်းမှု ဆောင်ရွက်ရန် အရည်အသွေးပြည့်ဝသော ကျွမ်းကျင်စက်မောင်း လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ပါသည်။

အမှတ်စဉ် (၁/၂၀၂၄) ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲ ကျင်းပ

၂၀၂၄ ခုနှစ်၊ ဇူလိုင်(၁၀)ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၁၇) စက်မှုလယ်ယာစခန်း၊ ရေကြည်မြို့တွင် ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲကို (၈-၇-၂၀၂၄) ရက်နေ့၊ နံနက် (၉:၃၀) နာရီတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှူး၊ ကျုံပျော်ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား (၃၅) ဦး တက်ရောက်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှူး ဦးလှထွန်းက သင်တန်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စပါးအလေအလွင့်လျော့နည်းစေရန် စက်ကိရိယာကိုင်တွယ်မောင်းနှင်နေသောသူများအနေဖြင့် အရေးကြီးသည့်အတွက် သင်တန်းတွင် စိတ်ပါဝင်စားစွာ သင်ကြားကြရန်နှင့် စက်၏ အလုပ်လုပ်ပုံ နည်းစနစ်များကိုသေချာစွာသင်ယူကြရန် မှာကြားပြီး၊ သင်တန်းဆရာများမှ မိတ်ဆက်ခြင်း၊ သင်တန်းသားများနှင့်အမှတ်တရဓါတ်ပုံရိုက်ခြင်းပြုလုပ်ကာ ဖွင့်ပွဲကို နံနက်(၁၁:၀၀)နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။ သင်တန်းအား (၈-၇-၂၀၂၄) ရက်နေ့မှ (၁၉-၇-၂၀၂၄) ရက်နေ့ထိ ဖွင့်လှစ်ကာ သင်တန်းသား (၃၅) ဦးကို ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှုနှင့် ပတ်သက်၍ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ပါသည်။

စက်ကိရိယာဖြင့် မြေပဲမျိုးစေ့ချစိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲ ဆောင်ရွက်

၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၁)ရက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ အပူပိုင်းဒေသသုတေသနခြံရှိ ယာမြေ (၂) ဧကတွင် သီးနှံစုံမျိုးစေ့ချကိရိယာဖြင့် မြေပဲမျိုးစေ့ချစိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲကို အမှတ် (၉၉) စက်မှုလယ်ယာစခန်း၊ ညောင်ဦးမြို့က (၂၁-၆-၂၀၂၄) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များနှင့် ‌ကျေးရွာ (၁၀) ရွာမှ တောင်သူများ စုစုပေါင်း (၅၀)ဦး တက်ရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၀)ရက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ ကရင်ပြည်နယ်အတွင်း မြေလွတ်မြေရိုင်း (လယ်လှပ်) အား စိုက်ပျိုးမြေဖော်ထုတ်ဆောင်ရွက်သွားမည်ဖြစ်ပါ၍ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
တင်ဒါပုံစံနှင့် အသေးစိတ်သိရှိလိုသည့်အချက်များကို ကရင်ပြည်နယ်၊ စက်မှုလယ်ယာဦးစီးဌာန၊ Ph; 09-964088418 / 058-21742 သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲနှင့် (၈)တန်းသွားမျိုးစေ့ချ ကိရိယာပေးအပ်ပွဲ အခမ်းအနား ကျင်းပ

၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၉)ရက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် အမှတ် (၃၈) စက်မှုလယ်ယာစခန်း၊ မြောင်းမြမြို့က အမှတ်စဉ် (၁/၂၀၂၃) ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင် ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲနှင့် (၈)တန်းသွားမျိုးစေ့ချ ကိရိယာပေးအပ်ပွဲ အခမ်းအနားကို (၁၇-၆-၂၀၂၄) ရက်နေ့၊ မနက် (၉:၀၀) နာရီ၌ ကျင်းပခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး၊ အခြားခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် သင်တန်းသား (၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင် စက်မှုလယ်ယာဦးစီးဌာနမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ သင်တန်းကာလမှာ  (၁၇-၆-၂၀၂၄) မှ (၂၈-၆-၂၀၂၄)  ရက်နေ့အထိ ကြာမြင့်မည် ဖြစ်ပြီး အမှတ်(၃၈)စက်မှုလယ်ယာစခန်း၊ မြောင်းမြမြို့မှ သင်တန်းဆရာများက ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှုနှင့် ပတ်သက်သည့် သင်ခန်းစာများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ပါသည်။
ထို့နောက် စက်မှုလယ်ယာဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် မြောင်းမြစက်မှုဇုန်မှ ထုတ်လုပ်သော (၈)တန်းသွား မျိုးစေ့ချကိရိယာ အလက် (၅၀) ကိုလည်း သက်ဆိုင်ရာ တောင်သူများသို့ ပေးအပ်လွှဲပြောင်းကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

မျိုးစေ့ချကိရိယာများဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၅)ရက်

ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာ၊ တောင်သူ ဦးငွေဇင်နောင်၏ လယ်မြေတွင် ကောက်စိုက်စက်ဖြင့် တွဲဖက်သုံး (၁၀) တန်းသွားမျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချ ကိရိယာတို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြပွဲအား (၁၅-၆-၂၀၂၄) ရက်နေ့၌ စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့က ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါကွင်းသရုပ်ပြပွဲသို့ နေပြည်တော်ကောင်စီဥက္ကဌနှင့် ကောင်စီဝင်(၄)ဦး၊ တိုင်း /ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တောင်သူ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အထူး) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၄ ခုနှစ်၊ ဇွန်လ(၅)ရက်

စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ ဘုရားကြီးမြို့တွင် အမှတ်စဉ် (၁/၂၀၂၄-၂၀၂၅) လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အထူး) သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၃.၆.၂၀၂၄) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီတွင် ဖွင့်လှစ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းနှင့်ပတ်သက်သည်များကို ဗဟိုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးမှ ရှင်းလင်း တင်ပြခဲ့ပါသည်။ သင်တန်းတွင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်မှ သင်တန်းသား( ၄၀ )ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၃.၆.၂၀၂၄) မှ (၂၆.၇.၂၀၂၄) ထိ  ဖြစ်ပါသည်။

မျိုးစေ့ချကိရိယာများနှင့် မျိုးစပါးများပေးအပ်ခြင်း အခမ်းအနား ကျင်းပ

၂၀၂၄ ခုနှစ်၊ မေလ(၃၁)ရက်

(၃၁-၅-၂၀၂၄) ရက်နေ့တွင် မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအစည်းအဝေးတွင် စက်မှုလယ်ယာဦးစီးဌာနက လယ်ယာသုံးစက်ကိရိယာများ တိကျမှန်ကန်စေရေး စစ်တမ်းများကောက်ယူမည့်အကြောင်း ဆွေး​နွေးတင်ပြပြီး မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူးက မျိုးစေ့ချကိရိယာများနှင့် မိုးစပါးအတွက် မှော်ဘီ (၃) မျိုးစပါးများအား တောင်သူများသို့ ပေးအပ်ခြင်း အခမ်းအနားကျင်းပခဲ့ပါသည်။

စပါးရိတ်သိမ်းမည့် တောင်သူလယ်သမားများသို့ ကြိုတင်အသိပေးနှိုးဆော်ချက်

၂၀၂၄ ခုနှစ်၊ မေလ(၂၉)ရက်

၁။ စပါးများ ရိတ်သိမ်းကြရာတွင် စပါးရိတ်သိမ်းခြွေလှေ့စက် (Combine Harvester) များအသုံးပြုပြီး ရိတ်သိမ်းခြွေလှေ့ခြင်းဖြင့် (က) အချိန်ကုန်သက်သာခြင်း၊ (ခ) အလေအလွင့် နည်းပါးခြင်း၊ (ဂ) ဆန်အရည်အသွေးကောင်းမွန်ခြင်း၊ (ဃ) လူလုပ်အားအစားထိုးနိုင်ခြင်းနှင့် (င) စီးပွားရေးတွက်ခြေကိုက်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။
၂။ စပါးရိတ်သိမ်းခြွေလှေ့စက်ပိုင်ရှင်များအနေဖြင့် လုပ်ငန်းခွင် မဝင်ရောက်မီကတည်းက မိမိတို့၏ စက်များကို  ကြံ့ခိုင်ထိန်းသိမ်းပြုပြင်မှုများ အချိန်နှင့်တပြေးညီ စနစ်တကျဆောင်ရွက် ထားကြရန်လိုအပ်ပါသည်။
၃။ ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်မည့် စက်မောင်းသူများအနေဖြင့် ရိတ်သိမ်းခြွေလှေ့စက်များကို ကျွမ်းကျင်စွာ မောင်းနှင်နိုင်မှသာ စပါးအလေအလွင့်နည်းမည်ဖြစ်၍ ကြိုတင်၍ လေ့ကျင့်သင်ကြားထားရန် လိုအပ်မည်ဖြစ်ပါသည်။
၄။ ရိတ်သိမ်းရာတွင် စပါးများ အလေအလွင့်နည်းပါးစေရန်အတွက် စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းမည့်လယ်ကွက်များအား မရိတ်သိမ်းမီ ရေကိုပြောင်စင်အောင် ထုတ်ထားကြပြီး စက်မောင်းနှင်ရန်အတွက် သင့်တော်သည့် မြေအနေအထားရရှိအောင် ကြိုတင်ဆောင်ရွက်ထားကြရန်နှင့် စပါးများကို မောင်းညိုချိန်တွင် ရိတ်သိမ်းကြရန် လိုအပ်မည်ဖြစ်ပါသည်။
၅။ ပေါင်းများသောစပါးခင်းများ၊ လဲနေသောစပါးခင်းများကို ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းမည်ဆိုပါက အလေအလွင့်အနည်းငယ်ရှိနိုင်ပြီး ကျွမ်းကျင်သော စက်မောင်းသမားများဖြင့် ရိတ်သိမ်းရန် လိုအပ်မည်ဖြစ်ပါသည်။
၆။သို့ဖြစ်ပါ၍ တောင်သူလယ်သမားများအပါအဝင် စပါးသီးနှံစိုက်ပျိုး ထုတ်လုပ် ရောင်းဝယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသော လုပ်ငန်းရှင်များအနေဖြင့် စပါးများ ရိတ်သိမ်းခြွေလှေ့ ကြရာတွင် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကြရန်နှင့် လိုအပ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနများနှင့် စက်မှုလယ်ယာဦးစီးဌာနများသို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း ကြိုတင်အသိပေး နှိုးဆော်အပ်ပါသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

မန္တလေးတိုင်းဒေသကြီးအတွင်း ၆တန်းသွား လက်ဆွဲကောက်စိုက်စက်များအသုံးပြုနိုင်ရေး ဖြန့်ဖြူးခြင်းအခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်၊ မေလ(၁၈)ရက်

မန္တလေးတိုင်းဒေသကြီးအတွင်း အင်ဂျင်ပါဝါသုံး ၆တန်းသွား လက်ဆွဲကောက်စိုက်စက်များအသုံးပြုနိုင်ရေးအတွက် အစီး (၅၀) လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို (၁၈-၅-၂၀၂၄) ရက်နေ့တွင် စိုက်ပျိုးရေးဦးစီး၊ တိုင်းဒေသကြီးဦးစီးဌာနမှူးရုံးတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တိုင်းဦးစီးမှူးများနှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ လက်ဆွဲကောက်စိုက်စက်များအား စက်မှုလယ်ယာဦးစီးဌာန၊ မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ (အင်းကုန်း)၊ စိန်ပန်းစက်မှုလက်မှုအဖွဲ့နှင့် ဇွန်ငါးပွင့် စက်မှုလက်မှုနှင့် လယ်ယာသုံးစက်ကိရိယာ တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း (မန္တလေး)တို့ ပူးပေါင်း၍ ပြည်တွင်း၌ သုတေသနပြု ထုတ်လုပ်ထားခြင်းဖြစ်ကာ တောင်သူကြီးများ၊ မျိုးစေ့ထုတ်အစုအဖွဲ့များ၊ မျိုးစေ့ထုတ်သမဝါယမအသင်းများနှင့် စိုက်ပျိုးထုတ်လုပ်သူသမဝါယမအသင်းများသို့ ရောင်းချဖြန့်ဖြူးသွားမည် ဖြစ်ပါသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရုံးအမှတ်(၅၀)၌ မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် ဆွေးနွေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်

၂၀၂၄ ခုနှစ်၊ ဧပြီလ(၃၀)ရက်

(၃၀-၄-၂၀၂၄) ရက်၊ အင်္ဂါနေ့တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရုံးအမှတ် (၅၀)၌ ရုံးအဆောက်အဦများတွင် မီးဘေးလုံခြုံရေး၊ မီးဘေးကာကွယ်ရေး၊ မီးသတ်ဆေးဗူး၊ မီးသတ်ကိရိယာများကို ကိုင်တွယ်သုံးစွဲနည်းများနှင့် မီးဘေးလုံခြုံရေးဆွေးနွေး ဟောပြောခြင်း/ သရုပ်ပြလေ့ကျင့်ခြင်းတို့ကို ဒက္ခိဏခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မှူး ဦးဟိန်းမင်းထိုက်နှင့် အဖွဲ့ဝင် များမှ လာရောက်ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးဟောပြောပွဲသို့ ရုံးအမှတ်(၅၀)ရှိ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)နှင့် စိုက်ပျိုးရေးဦးစီးဌာန (စက်မှုသီးနှံ)တို့မှ အငယ်တန်း စာရေးနှင့် ရာထူးတူအဆင့်အောက်ရှိ ဝန်ထမ်းများအပါအဝင် အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း (၅၈)ဦး တက်ရောက်ပြီး စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ မီးငြိမ်းသတ်ပုံ လက်တွေ့သရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ရာ မီဖိုချောင်သုံး Gas အိုး မီးလောင် ကျွမ်းမှုဖြစ်ပွားပါက မီးငြိမ်းသတ်ပုံ၊ မီးဖိုတွင် ဆီမီးလောင်ကျွမ်းပါက ရေစိုအဝတ်ဖြင့် အရေးပေါ် မီးငြိမ်းသတ်ပုံနှင့် မီးသတ်ဆေးဗူး အသုံးပြု၍ မီးငြိမ်းသတ်ပုံတို့ကို လက်တွေ့ပြသခဲ့ပါသည်။

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၂၀၂၄ ခုနှစ်၊ ဧပြီလ(၂)ရက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ ၂၀၂၄ - ၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွက် စက်ပစ္စည်းကိရိယာများ၊ လယ်ယာသုံးစက်ကိရိယာများနှင့် အပိုပစ္စည်းများ၊ တာယာ၊ ဘက်ထရီ၊ စက်ဆီ/ချောဆီများနှင့် ရုံးသုံးပစ္စည်းများကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါ၍ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

အမရပူရမြို့တွင် လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

၂၀၂၄ ခုနှစ်၊ မတ်လ(၂၉)ရက်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ တမုတ်ဆိုး ကျေးရွာအုပ်စု၊ ဂျိုရွာကျေးရွာ၊ ကွင်းအမှတ် (၅၇၀-ခ) ရှိ တောင်သူ ဦးအောင်မျိုးထွန်း၏ လယ်မြေတွင် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကာ (၂၉-၃-၂၀၂၄) ရက်နေ့တွင် လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား ကျင်းပခဲ့ပါသည်။
အဆိုပါသရုပ်ပြပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တောင်သူ(၃၀)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက အင်ဂျင်ပါဝါသုံးလက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရုံးအမှတ်(၅၀)၌ မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် ဆွေးနွေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်

၂၀၂၄ ခုနှစ်၊ မတ်လ(၁၅)ရက်

(၁၅.၃.၂၀၂၄) ရက်၊ သောကြာနေ့တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရုံးအမှတ်(၅၀)၌ ရုံးအဆောက်အဦများတွင် မီးဘေးလုံခြုံရေး၊ မီးဘေးကာကွယ်ရေး ၊ မီးသတ်ဆေးဗူး၊မီးသတ်ကိရိယာများကို ကိုင်တွယ်သုံးစွဲနည်းများနှင့် မီးဘေးလုံခြုံရေးဆွေးနွေး ဟောပြောခြင်း/ သရုပ်ပြလေ့ကျင့်ခြင်းတို့ကို ဥတ္တရခရိုင်မီးသတ်ဦးစီးဌာနမှ ဦးအောင်အောင်ထွန်း (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဥတ္တရမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစိုးသက်နောင် (ဦးစီးအရာရှိ)နှင့် အဖွဲ့ဝင်များမှ လာရောက်ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးဟောပြောပွဲသို့ ရုံးအမှတ်(၅၀)ရှိ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)နှင့် စိုက်ပျိုးရေးဦးစီးဌာန (စက်မှုသီးနှံ)တို့မှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း (၅၀)ဦး တတ်ရောက်ပြီး စိတ်ပါဝင်စားစွာဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများကို ယာဉ်ရပ်နားကွင်း၌ ကျင်းပခဲ့ရာ မီးသတ်တပ်ဖွဲ့မှ Gas မီးဖိုဖြင့် မီးလောင်ကျွမ်းမှုဖြစ်ပွားပါက မီးငြိမ်းသတ်ပုံ၊ မီးဖိုတွင် ဆီမီးလောင်ကျွမ်းပါက အရေးပေါ်မီးငြိမ်းသတ်ပုံနှင့် မီးသတ်ဆေးဗူး အသုံးပြု၍ မီးငြိမ်းသတ်ပုံတို့ကို လက်တွေ့ပြသခဲ့ပြီး ဌာန(၃)ခုရှိ ဝန်ထမ်းများမှ လက်တွေ့မီးငြိမ်းသတ်ခြင်းများကို ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

နွေစပါးနှိုင်းယှဉ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၂၇)ရက်

နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စု ကွင်းအမှတ် ၁၈၂၆ စနစ်ကျလယ်မြေ ဧက၂၀၀ စံပြကွက်တွင် စက်မှုလယ်ယာဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းပြီး ၆တန်းသွားကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်တို့ဖြင့် နွေစပါးနှိုင်းယှဉ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို (၂၇.၂.၂၀၂၄) ရက်နေ့နံနက်တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသရုပ်ပြပွဲအား နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးနှင့်ကောင်စီဝင် ၄ ဦး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ တိုင်း/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်စု ၄ အုပ်စုမှ တောင်သူ ၁ဝဝဦးခန့် တက်ရောက်လေ့လာခဲ့ကြပါသည်။

လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၂၆)ရက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အမှတ်(၆၄) စက်မှုလယ်ယာစခန်း၊ မြစ်သားမြို့မှ ကြီးမှူးဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းအမှတ်စဉ် (၂/၂၀၂၃-၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၂၆.၂.၂၀၂၄) ရက်နေ့ မနက်(၉:၃၀)နာရီတွင် အဆိုပါစက်မှုလယ်ယာစခန်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းကို တောင်သူလယ်သမားများနှင့် စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသူများအား ခေတ်မီလယ်ယာသုံးစက်ကိရိယာများကို စနစ်တကျကျွမ်းကျင်စွာ ကိုင်တွယ်မောင်းနှင် အသုံးပြုနိုင်စေရန်၊ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ခြင်းလုပ်ငန်းကို ဒေသအလိုက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်ကြစေရန်နှင့် ပုဂ္ဂလိက လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖေဖော်ဝါရီလ (၂၆)ရက် နေ့မှ မတ်လ(၈)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ပါသည်။ သင်တန်းတွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု ဘာသာရပ်(၆)မျိုးဖြစ်သော အင်ဂျင် ဘာသာရပ်၊ လက်တွန်းထွန်စက်ဘာသာရပ်၊ ထွန်စက်ကြီးဘာသာရပ်၊ ရိတ်သိမ်းခြွေလှေ့စက် ဘာသာရပ်၊ ကောက်စိုက်စက်ဘာသာရပ်နှင့် ထွန်ယက်ကိရိယာများ ဘာသာရပ်များကို ကျေးရွာ အုပ်စု ၉ အုပ်စုမှ သင်တန်းသား(၃၀)ဦးအား စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။

လက်စွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ ကျင်းပ

၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၂၂)ရက်

ကရင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ နွေစပါး ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် ယူရီးယားနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ ပေးအပ်သည့် အခမ်းအနားကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဘားအံမြို့နယ်၊ ကော့သံခါကျေးရွာအုပ်စု၊ ကော့ဒွန်းကျေးရွာရှိ တောင်သူ ဦးအောင်ဝင်းပါ ၇ ဦး၏ နွေစပါး ဧက ၁၀၀ စိုက်ခင်း၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ အနီးပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများတက်ရောက်ခဲ့သည်။
အမှတ်(၂၀)စက်မှုလယ်ယာစခန်း၊ ဘားအံမြို့က (၆)တန်းသွား လက်ဆွဲကောက်စိုက်စက်၊ ကူဘိုတာ(၆)တန်းသွား ကောက်စိုက်စက်တို့ဖြင့် နွေစပါးစိုက်ပျိုးပြသခဲ့ရာ တက်ရောက်လာသော ဧည့်သည်တော်များနှင့် တောင်သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က နွေစပါးစိုက် တောင်သူများအား ယူရီးယားဓါတ်မြေဩဇာ ၂၀ အိတ်နှင့် သဘာဝမြေဩဇာ ၃၀ အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာတွင် စက်မှုလယ်ယာစနစ်ကျလယ်မြေဧက (၁၀၀) ဖော်ထုတ်ဆောင်ရွက်ပြီးစီး

၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၉)ရက်

စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ၂၀၂၃−၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေကို အသုံးပြု၍ စက်မှုလယ်ယာစနစ်ကျလယ်မြေ (၆၃၇.၁၇)ဧကအား နေပြည်တော်ကောင်စီ နယ်မြေတွင် ကွင်း(၃)ကွင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကွင်း(၁)ကွင်း၊ မွန်ပြည်နယ်၊ ပေါင် မြို့နယ်တွင် ကွင်း(၁)ကွင်းဖော်ထုတ်ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာတွင် ဖော်ထုတ်သော စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဧက(၁၀၀)လည်း အပါအဝင်ဖြစ်ပါသည်။ အဆိုပါ ဧက(၁၀၀)အား စနစ်ကျလယ်ယာမြေဖော်ထုတ်ရေးအဖွဲ့ (အောက်မြန်မာပြည်)၊ သန်လျင်မြို့မှ (၂၀၂၃)ခုနှစ်၊ ဒီဇင်ဘာလ၊ ဒုတိယပတ်မှစတင်၍ စက်ယန္တရားအင်အား (၇) စီးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ (၁၆.၂.၂၀၂၄)ရက်နေ့တွင် လုပ်ငန်းများအားလုံး ပြီးစီးခဲ့ပါသည်။ (၁၉.၂.၂၀၂၄)ရက်နေ့တွင် တောင်သူများလက်ဝယ်သို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ တက်ရောက် အမှာစကားပြောကြားပြီး၊ ဖော်ထုတ်ပြီး စက်မှုလယ်ယာစနစ်ကျလယ်မြေများပေါ်တွင် တောင်သူများ နွေစပါးစိုက်ပျိုးနေမှုအခြေအနေအား ကြည့်ရှု့အားပေးခဲ့ပါသည်။ ဖော်ထုတ်ရာတွင် ပါဝင်သော တောင်သူများအနေဖြင့် နွေစပါးသီးနှံအား အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာနမှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သဖြင့် တောင်သူများမှာ သီးနှံမလှပ်ရဘဲ နွေစပါးကိုအချိန်မီစိုက်ပျိုးနိုင်၍ ဝမ်းသာပျော်ရွှင်လျက်ရှိကြောင်း မြင်တွေ့ရပါသည်။
အဆိုပါ စက်မှုလယ်ယာစနစ်ကျလယ်မြေဧက (၁၀၀) ဖော်ထုတ်ခြင်းကြောင့် မူလက နွေစပါးနှင့် မိုးစပါး(၂)သီးသာ စိုက်ပျိုးနိုင်သော်လည်း ဖော်ထုတ်ပြီးချိန်တွင် (၃)သီးစိုက်ပျိုးနိုင်မည် ဖြစ်ခြင်း၊ ရေသွင်း၊ ရေထုတ်စနစ်မှန်ကန်ကောင်းမွန်လာပြီး စိုက်ပျိုးရေကို စနစ်တကျစီမံခန့်ခွဲ နိုင်မည်ဖြစ်သဖြင့် မျိုးကောင်းမျိုးသန့်ထုတ်လုပ်သည့်လုပ်ငန်းအား တောင်သူများမှ ကြိုးစား ဆောင်ရွက်ကြမည်ဖြစ်ခြင်း၊ ကုန်ထုတ်လမ်းများပါဝင်လာပြီး ကုန်ထုတ်လမ်းများပေါ်တွင် အမာခံကျောက်ရောမြေပါ တပါတည်းခင်းပေးနိုင်ခဲ့သဖြင့် ရာသီမရွေးဝင်ထွက်သွားလာနိုင်ပြီး လယ်ယာသုံးစက်ကိရိယာများ အချိန်မရွေးဝင်ရောက် ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်းနိုင်မည် ဖြစ်ခြင်း၊ ဟက်တာကွက်စနစ်ကို အခြေခံ၍ တောင်သူပိုင်ဆိုင်မှုအလို က် ဖော်ထုတ်ပေးနိုင်ခဲ့သဖြင့် စက်စွမ်းအားပြည့်မောင်းနှင်အသုံးပြုနိုင်သော နိုင်ငံတကာအဆင့်မီ လယ်ကွက်များ ပေါ်ထွက်လာခြင်း၊ စနစ်ကျလယ်မြေဧက(၁၀၀)တွင် ပါဝင်သော ကုန်ထုတ်လမ်း၊ ရေမြောင်းများ နှင့် Box Culvert များအား ကွင်းအတွင်းပါဝင်သော တောင်သူများသာမက ကွင်းပြင်ပ တောင်သူများပါ အသုံးပြုနိုင်ပြီဖြစ်သဖြင့် ဒေသခံတို့ကိုပါ ဆက်စပ်အကျိုးရှိစေခြင်းတို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာရှိ တောင်သူဦးကြီးများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများအား အထူးပင်ကျေးဇူး တင်ရှိပါကြောင်း ဝမ်းသာပီတိစကားကိုလည်း ကြားသိခဲ့ရပါသည်။

နွေစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် ယူရီးယားနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၇)ရက်

ကရင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေစပါး စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် ယူရီးယားနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ ပေးအပ်သည့်အခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ရေကျော် (မကျီးကျွန်း)ကျေးရွာ ၊ ကွင်းအမှတ် ၉၉၅/၉၉၃/ခ တောင်သူဦးရှမ်းပုပါ ၁၄ ဦး၏ နွေစပါး ဧက ၁၀၀ စိုက်ခင်း၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ အနီးပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများတက်ရောက်ခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေးနှင့် အခွင့်အရေးကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်အားပေး ကူညီသွားမည်ဖြစ်သကဲ့သို့ ဒေသခံတောင်သူများအနေဖြင့်လည်း မိမိဒေသ၊ မိမိပြည်နယ်ဖွံ့ဖြိုး တိုးတက်လာစေရန် ကျရာအခန်းကဏ္ဍမှ အားသွန်ခွန်စိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နွေစပါးစိုက်တောင်သူများအား ယူရီးယားဓါတ်မြေဩဇာ ၂၀ အိတ်နှင့် သဘာဝမြေဩဇာ ၃၀ အိတ်တို့ကို ထောက်ပံ့ပေးအပ်ပြီး အမှတ်(၂၀)စက်မှုလယ်ယာစခန်း၊ ဘားအံမြို့မှ တောင်သူများအား ကူဘိုတာ(၆)တန်းသွား ကောက်စိုက်စက်(၃)စီး၊ လက်ဆွဲကောက်စိုက်စက်(၂)စီးတို့ဖြင့် နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၎င်းကျေးရွာအုပ်စု၊ ကျုံကသွန်တောင်ကွင်း နှင့်ရေကျော်အနောက်ကွင်းတို့တွင် ပြည်နယ်အစိုးရဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လယ်ယာမြေအဆင့်မြှင့်တင်ခြင်း ဧက(၃၀၀)ဖော်ထုတ်သည့်လုပ်ငန်းအား သွားရောက်ကြည့်ရှု စစ်ဆေးရာ စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက လယ်ယာမြေများပြုပြင်ပေးနေမှု၊ ကုန်ထုတ်လမ်းများ ထည့်သွင်းဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ စက်ယန္တရားများဖြင့် လယ်ယာမြေအဆင့်မြှင့်တင်ပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

နွေစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ ကျင်းပ

၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၇)ရက်

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်းကျေးရွာ ကွင်းအမှတ်(၁၈၈၁) တောင်သူဦးထွန်းဝေ၏ လယ်မြေ(၈)ဧကတွင် ၁၇.၂.၂၀၂၄ နေ့ နံနက် (၈:၃၀)နာရီအချိန်၌ တန်ဘိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် (၁) ဧက ၊ ကူဘိုတာ (၆)တန်းသွားကောက်စိုက်ဖြင့် (၇) ဧကအား စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန တို့ပူးပေါင်း၍ နွေစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ ပြုလုပ်ကျင်းပခဲ့ရာ တောင်သူဦးရေ (၁၂၀)ခန့် စိတ်ပါဝင်စားစွာ တက်ရောက်ကြည့်ရှု လေ့လာခဲ့ပါသည်။

လက်ထောက်ညွှန်ကြားရေးမှူး(လုပ်ငန်းခွင်)သင်တန်း အမှတ်စဉ် (၂/၂၀၂၃-၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄) ရက်

စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာသင်တန်းကျောင်း(ရေဆင်း)၊ ဇေယျာသီရိမြို့တွင် လက်ထောက်ညွှန်ကြားရေးမှူး (လုပ်ငန်းခွင်)သင်တန်း အမှတ်စဉ် (၂/၂၀၂၃-၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားအား (၁၃-၂-၂၀၂၄) ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသား လက်ထောက်ညွှန်ကြားရေးမှူး (၂၅)ဦး တက်ရောက်ခဲ့ပါသည်။
နိုင်ငံတော်၏လယ်ယာကဏ္ဍအား လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေး လုပ်ငန်းစဉ်များတွင် အဓိက ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်နေသော တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ စက်ပြင်အလုပ်ရုံ၊ သုတေသနအလုပ်ရုံ၊ စက်ရုံများအပါအဝင် စက်မှုလယ်ယာဦးစီးဌာနအဖွဲ့အစည်းအသီးသီးမှ လက်ထောက်ညွှန်ကြားရေးမှူးအဆင့် အရာထမ်းများကို လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရေး၊ ခေတ်နှင့်အညီ နည်းပညာမြင့် လယ်ယာသုံးစက်ကိရိယာတွေကို တောင်သူများ တိုးတက်သုံးစွဲလာစေရန် စည်းရုံးပညာပေးဆောင်ရွက်နိုင်ရေး၊ လယ်ယာသုံးစက်ကိရိယာ သုတေသနလုပ်ငန်းများ ဖွံဖြိုးတိုးတက်လာစေရေးနှင့် လက်တွေ့လုပ်ငန်းခွင်မှာတွေ့ကြုံနေရသော အားသာချက်၊ အားနည်းချက်များကိုဆွေးနွေးအဖြေရှာ ပြုပြင်ဆောင်ရွက်စေရေး စသည့်ရည်ရွယ်ချက်များထားရှိပြီး အဆိုပါသင်တန်းအား ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကာလမှာ (၁၃-၂-၂၀၂၄)ရက်နေ့မှ (၂၃-၂-၂၀၂၄)ရက်နေ့ထိ ဖြစ်ပါသည်။

လယ်ယာသုံးစက်ကိရိယာ ပြုပြင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း ဖွင့်လှစ်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၂၉)ရက်

ရှမ်းပြည်နယ်အတွင်း တိုးတက်သုံးစွဲလာသော လယ်ယာသုံးစက်ကိရိယာများအား စက်စွမ်းအားပြည့် ရေရှည်အသုံးပြုနိုင်ရေးအတွက် စနစ်တကျ ပြုပြင်ထိန်းသိမ်းနိုင်ရန် လိုအပ်ခြင်းကြောင့် လယ်ယာသုံးစက်ကိရိယာ ပြုပြင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်း(၂/၂၀၂၃-၂၀၂၄)ကို (၂၉.၁.၂၀၂၄)ရက်နေ့တွင် အမှတ်(၈)အလတ်စားစက်ပြင်အလုပ်ရုံ၊ ရွှေညောင်မြို့တွင် ဖွင့်လှစ်ခဲ့ရာ ရှမ်းပြည်နယ်(တောင်) စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူး ဦးကျော် နှင့် ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူး ဦးချိုနိုင်ထွန်းတို့က သင်တန်းအဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ အမှတ်(၈)အလတ်စားစက်ပြင် အလုပ်ရုံ၊ စက်ရုံမှူး ဦးထွန်းထွန်းက သင်တန်းတက်ရောက်ရခြင်း အကျိုးကျေးဇူးနှင့် သင်တန်းစည်းကမ်းအသေးစိတ် အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအား စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် တာဝန်ခံများ၊ လယ်ယာသုံး စက်ကိရိယာကုမ္ပဏီများမှ မန်နေဂျာများနှင့် တောင်သူများ တက်ရောက်ခဲ့ကြပါသည်။
ယခုသင်တန်းတွင် ရှမ်းပြည်နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းသင်တန်းသား (၂၄)ဦးနှင့်တောင်သူသင်တန်းသား(၁၁)ဦးတို့အား လယ်ယာသုံး စက်ကိရိယာ စနစ်တကျ ပြုပြင်ထိန်းသိမ်းနည်းများကို လက်တွေ့နှင့် စာတွေ့ပေါင်းစပ်၍ သင်တန်းကာလ (၄)ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

နွေစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်

ကရင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေစပါး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် ယူရီးယားနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ ပေးအပ်သည့်အခမ်းအနားကို ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းက ဘားအံမြို့နယ် နောင်လုံ အနောက်ကျေးရွာအုပ်စု၊ ကော့မကယ်ကျေးရွာ၊ အကွက်အမှတ် ၁၁၆၆ (ခ)၊ ကော့မကယ်ကွင်းတွင် ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကော့မကယ် ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများတက်ရောက်ခဲ့ပြီး ဘားအံမြို့၊ အမှတ်(၂၀)စက်မှုလယ်ယာစခန်းမှ ကူဘိုတာ(၆)တန်းသွား ကောက်စိုက်စက်(၂)စီး၊ လက်ဆွဲ ကောက်စိုက်စက်(၂)စီးတို့ဖြင့် နွေစပါးစိုက်ပျိုး ပြသခဲ့ပါသည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောင်းလဲလာတဲ့ ရာသီဥတုအခြေအနေအရ မိမိတို့လယ်ယာမြေတွေကို အချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ဖို့နှင့် လုပ်သားရှားပါးမှု အခြေအနေတွေကို ကျော်လွှားနိုင်ဖို့ သမရိုးကျစိုက်ပျိုးထုတ်လုပ်ခြင်းတွင် လယ်ယာသုံးစက်ကိရိယာများနှင့် အစားထိုး အသုံးပြုကြဖို့ လိုအပ်လာပြီဖြစ်ကြောင်း၊ စပါးစိုက်ပျိုးရာတွင် ယခုကဲ့သို့ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသည် တစ်ဧက ကျပ် ၄၈၀၀ဝိ/- သာ ကုန်ကျမည်ဖြစ်ပြီး ကောက်စိုက်သမလုပ်အားခနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့်သက်သာစေသည့်အတွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်ကို သက်သာစေမည်ဖြစ်ကြောင်း၊ သီးနှံအတွက်လိုအပ်သည့် ယူရီးယားနှင့် သဘာဝမြေဩဇာများကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး တွဲဖက်၍အချိုးကျအကျိုးရှိရှိသုံးစွဲကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နွေစပါးစိုက်တောင်သူတစ်ဦးက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ လုပ်အားခသက်သာခြင်းစသော အကျိုးကျေးဇူးများနှင့် လက်တွေ့ ဆောင်ရွက်ခဲ့ရမှုများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကောက်စိုက်စက်ဖြင့် နွေစပါးစိုက် တောင်သူများအား ယူရီးယားဓါတ်မြေဩဇာ ၁၀ အိတ်နှင့် သဘာဝမြေဩဇာ ၂၀ အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

လက်ထောက်ညွှန်ကြားရေးမှူး (လုပ်ငန်းခွင်)သင်တန်း အမှတ်စဉ် (၁/၂၀၂၃-၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်

စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာသင်တန်းကျောင်း(ရေဆင်း)၊ ဇေယျာသီရိမြို့တွင် လက်ထောက်ညွှန်ကြားရေးမှူး (လုပ်ငန်းခွင်)သင်တန်း အမှတ်စဉ် (၁/၂၀၂၃-၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားအား (၈.၁.၂၀၂၄) ရက်နေ့ နံနက် ၉း၀၀ နာရီ အချိန်တွင် ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူး(စီမံကိန်း)က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် သင်တန်းသား လက်ထောက်ညွှန်ကြားရေးမှူး (၂၀)ဦး တက်ရောက်ခဲ့ပါသည်။

စိုက်ပျိုးရေးတက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများ စက်မှုလယ်ယာသင်တန်းကျောင်းသို့ လာရောက်လေ့လာ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူများသည် စက်မှုလယ်ယာသင်တန်းကျောင်း(ရေဆင်း) သို့ ဒီဇင်ဘာ ၁၁ နေ့ နံနက်ပိုင်းတွင်လာရောက်၍ မြေယာပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ ပြုစုပျိုးထောင်ခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်းနှင့် သီးနှံထိန်းသိမ်းသိုလှောင်ခြင်း စသည့် လုပ်ငန်းစဉ်များတွင် အသုံးပြုသည့် လယ်ယာသုံးစက်ကိရိယာတွေကို လေ့လာခဲ့ကြပါသည်။ အဆိုပါ ကျောင်းသား၊ ကျောင်းသူများသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် လုပ်ငန်းခွင်အကြို ထွန်စက်နှင့် လယ်ယာသုံးစက်ကိရိယာများ ထိန်းသိမ်းမောင်းနှင်နည်း ပညာပေးသင်တန်းအား ဒီဇင်ဘာ ၄ ရက်မှ ၁၃ ရက်နေ့အထိ သင်ယူလျက် ရှိကြပါသည်။

လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အထူး)သင်တန်းအတွက် သင်တန်းသားခေါ်ယူခြင်း

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်

စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့တွင် (၂၆.၁၂.၂၀၂၃) ရက်နေ့မှ (၁၇.၂.၂၀၂၄) ရက်နေ့ထိ သီတင်း(၈)ပတ်ကြာဖွင့်လှစ်မည့် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အထူး) သင်တန်းအား တက်ရောက်ရန် စိတ်ပါဝင်စားသော တောင်သူများအနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါသည်။
09 – 458149471
09 – 2042391
09 – 798286562
09 - 790292700
၁။ ကျန်းမာသန်စွမ်းသည့်တောင်သူတိုင်း အသက်(၁၈)နှစ်မှ(၃၅)နှစ်အတွင်း သင်တန်း တက်ရောက်နိုင်သည်။
၂။ မည်သည့်သင်တန်းကြေးမှပေးသွင်းရန်မလိုဘဲ အခမဲ့ သင်ကြားပေးမည်။
၃။ သင်တန်းကာလအတွင်း ရေ၊ မီး၊ နေထိုင်စားသောက်ရေး၊ သင်ရိုးစာအုပ်နှင့် စာရွက်စာတမ်းကို ဌာနမှကျခံဆောင်ရွက်ပေးမည်။
၄။ သင်တန်းတွင် လိုအပ်မည့်ဝတ်စုံများအား ယာယီ ထုတ်ပေးမည်။
၅။ ထွန်စက်ကြီးအမျိုးမျိုး၊ ထွန်ယက်ကိရိယာအမျိုးမျိုး၊ ရိတ်သိမ်းခြွေလှေ့စက်၊ ကောက်စိုက်စက်၊ လက်တွန်းထွန်စက်မောင်းနှင်နည်းနှင့် ထိန်းသိမ်းကြံ့ခိုင်နည်းများ သင်ကြားပေးမည်။
၆။ တစ်လုံးထိုးအင်ဂျင် ပြုပြင်ထိန်းသိမ်းနည်းများ သင်ကြားပေးမည်။
၇။ သင်တန်းကာလမှာ သီတင်း(၈)ပတ် ဖြစ်သည်။
၈။ သင်တန်းပြီးဆုံးအောင်တက်ရောက်ပါက သင်တန်းပြီးမြောက်ကြောင်း အောင်လက်မှတ် ထုတ်ပေးမည်။
၉။ တောင်သူသင်တန်းသားများအတွက် ဝန်ထမ်းခန့်ထားရေးကူညီဆောင်ရွက်ပေးမည်။

စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း
မိတ္ထီလာမြို့
မန္တလေးတိုင်းဒေသကြီး

လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်းဖွင့်ပွဲကျင်းပ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်

ရှမ်းပြည်နယ်၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ တံတားကြီးကျေးရွာတွင် စက်မှုလယ်ယာဦးစီးဌာန၊အမှတ်(၆၅)စက်မှုလယ်ယာစခန်း၊ အောင်ပန်းမြို့မှ ဦးစီး၍ ''လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) တောင်သူသင်တန်း''ဖွင့်ပွဲကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၉:၃၀)နာရီ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မိုးလွင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မော်မော်လွင် ၊ NewHolland ကုမ္ပဏီမှ မန်နေဂျာ ဦးစည်သူရှိန်၊ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၆၅)စက်မှုလယ်ယာစခန်း၊ အောင်ပန်းမြိုမှ မြို့နယ်ဦးစီးဌာနမှူး ဦးဦးဘဝင်း ၊ တံတားကြီးကျေးရွာအုပ်စုမှ ရပ်မိရပ်ဖများနှင့် သင်တန်းသား(၃၀)ဦး အပါအဝင် စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ပါသည်၊၊ အခမ်းအနားတွင် ကလောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မိုးလွင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မော်မော်လွင်တို့မှ အဖွင့်အမှာစကားပြောကြားပြီး၊ အမှတ်(၆၅)စက်မှုလယ်ယာစခန်း၊ အောင်ပန်းမြို့မှ မြို့နယ်ဦးစီးဌာနမှူး ဦးဦးဘဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ အမှတ်(၆၅) စက်မှုလယ်ယာစခန်း၊ အောင်ပန်းမြို့မှ ဦးစီးမှူး ဦးခွန်ပြည့်ဖြိုးမောင်မှ သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများပေးအပ်ပြီး NewHolland ကုမ္ပဏီ မန်နေဂျာ ဦးစည်သူရှိန်မှလည်း သင်တန်းသားများအတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ သင်တန်းသားများကိုယ်စား တံတားကြီးကျေးရွာရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးနောက် သင်တန်းတွင်အသုံးပြုမည့် လယ်ယာသုံး စက်ကိရိယာများ၊ သင်ထောက်ကူပစ္စည်းများကို ကြည့်ရှုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ သင်တန်းမှာ(၂၀.၁၁.၂၀၂၃)ရက်နေ့မှ (၁.၁၂.၂၀၂၃)ရက်နေ့ထိ (၂)ပတ်ကြာမြင့်မည်ဖြစ်ပြီး စက်မှုလယ်ယာဦးစီးဌာန အမှတ်(၆၅)စက်မှုလယ်ယာစခန်း၊ အောင်ပန်းမြို့မှ သင်တန်းဆရာ(၄)ဦးမှ လယ်ယာသုံးစက်ကိရိယာများမောင်းနှင်ထိန်းသိမ်းပြင်ဆင်သည့် သင်ခန်းစာများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်

ကုန်းမြင့်ဒေသနေပြည်သူများ ဒေသဝမ်းစာဖူလုံရေး၊ မိသားစုဝမ်းစာဖူလုံရေးအတွက် တနိုင်တပိုင် ရွှေ့ပြောင်းတောင်ယာစနစ်ကို အမှီပြုလျက်ရှိသော ဒေသခံပြည်သူများ၏ အခြေခံ စားဝတ်နေရေးလိုအပ်ချက်များ ပြည့်စုံစေရန်နှင့် လူမှုဘဝတိုးတက်မြင့်မားလာစေရန် ရည်ရွယ်ကာ ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းအား စက်မှုလယ်ယာဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။
ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းများကို (၂၀၂၃−၂၀၂၄)ခု၊ ဘဏ္ဍာရေးနှစ်တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂)ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မှ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်ကုလားကျေးရွာတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဧက(၁၀၀)၊ နမ့်ခမ်း၊ ဘူးဆာ၊ ဖပဲကျေးရွာ များတွင် ပြည်နယ်ရန်ပုံငွေဖြင့် ဧက(၁၀၀)၊ စုစုပေါင်းဧက(၂၀၀)ဖော်ထုတ်ရန် လျာထား၍ ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါလျာထားလုပ်ငန်းများအနက်မှ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာ အုပ်စု၊ ပန်ကုလားကျေးရွာတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကုန်းမြင့် လယ်ယာမြေဧက(၁၀၀)အား ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း Excavator(၃)စီး၊ ထွန်စက် (၃)စီးတို့ဖြင့် လုပ်ငန်းများစတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး (၆.၁၁.၂၀၂၃)ရက် နေ့ထိ တောရှင်း(၁၅)ဧက၊ ငုတ်ထုတ်(၁၂)ဧက၊ ကုန်းမြင့်လယ်ယာမြေ(၁၀)ဧကတို့အား ဖော်ထုတ် ပြီးစီးခဲ့ပြီးဖြစ်ကြောင်းနှင့် လုပ်ငန်းများအားလုံးအား (၂၀၂၃−၂၀၂၄)ခု၊ဘဏ္ဍာရေးနှစ် အတွင်း ပြီးစီးအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

လယ်ယာသုံးစက်ကိရိယာ မောင်းနှင်/ပြုပြင်ထိန်းသိမ်းမှု (အခြေခံ) တောင်သူသင်တန်း ဖွင့်လှစ်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေညောင်မြို့ရှိ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၈) အလတ်စားစက်ပြင်အလုပ်ရုံနှင့် ရှမ်းပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ လယ်ယာသုံးစက်ကိရိယာမောင်းနှင်/ပြုပြင်ထိန်းသိမ်းမှု (အခြေခံ) တောင်သူသင်တန်းဖွင့်ပွဲကို (၂၀၂၃) ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့ နံနက် (၁၀:၀၀)၌ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈)အလတ်စားစက်ပြင်အလုပ်ရုံ-ရွှေညောင်မြို့တွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူး ဒေါ်သဇင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူး ဦးကျော်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာကြသော တာဝန်ရှိပုဂ္ဂိုလ်များက သင်တန်းတွင် အသုံးပြုမည့် လယ်ယာသုံးစက်ကိရိယာများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူသင်တန်းသား(၂၀)ဦး နှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
သင်တန်းကာလမှာ (၃.၁၁.၂၀၂၃) ရက်နေ့မှ (၁၇.၁၁.၂၀၂၃)ရက်နေ့အထိ (၁၅) ရက် ကြာမြင့်မည် ဖြစ်ပြီး အမှတ် (၈) အလတ်စားစက်ပြင်အလုပ်ရုံရှိ သင်တန်းဆရာများမှ လယ်ယာသုံးစက်ကိရိယာမောင်းနှင်/ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာသင်ခန်းစာများကို စာတွေ့ /လက်တွေ့သင်ကြားပေးသွားမည် ဖြစ်ပါသည်။

မိုးစပါးရိတ်သိမ်းမည့် တောင်သူလယ်သမားများသို့ ကြိုတင်အသိပေးနှိုးဆော်ချက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်

၁။ ၂၀၂၃-၂၀၂၄ခုနှစ် မိုးစပါးများ ရိတ်သိမ်းကြရာတွင် စပါးရိတ်သိမ်းခြွေလှေ့စက် (Combine Harvester) များအသုံးပြုပြီး ရိတ်သိမ်းခြွေလှေ့ခြင်းဖြင့် (က)အချိန်ကုန်သက်သာခြင်း (ခ)အလေအလွင့်နည်းပါးခြင်း (ဂ)ဆန်အရည်အသွေးကောင်းမွန်ခြင်း (ဃ)လူလုပ်အားအစားထိုး နိုင်ခြင်း၊ (င)စီးပွားရေးတွက်ခြေကိုက်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။
၂။ စပါးရိတ်သိမ်းခြွေလှေ့စက်ပိုင်ရှင်များအနေဖြင့် လုပ်ငန်းခွင် မဝင်ရောက်မီကတည်းက မိမိတို့၏ စက်များကို ကြံ့ခိုင်ထိန်းသိမ်းပြုပြင်မှုများ အချိန်နှင့်တပြေးညီ စနစ်တကျဆောင်ရွက် ထားကြရန်လိုအပ်ပါသည်။
၃။ ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်မည့် စက်မောင်းသူများအနေဖြင့် ရိတ်သိမ်းခြွေလှေ့စက်များကို ကျွမ်းကျင်စွာ မောင်းနှင်နိုင်မှသာ စပါးအလေအလွင့်နည်းမည်ဖြစ်၍ ကြိုတင်၍ လေ့ကျင့်သင်ကြားထားရန် လိုအပ်မည်ဖြစ်ပါသည်။
၄။ ရိတ်သိမ်းရာတွင် စပါးများ အလေအလွင့်နည်းပါးစေရန်အတွက် စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းမည့်လယ်ကွက်များအား မရိတ်သိမ်းမီ ရေကိုပြောင်စင်အောင် ထုတ်ထားကြပြီး စက်မောင်းနှင်ရန်အတွက် သင့်တော်သည့် မြေအနေအထားရရှိအောင် ကြိုတင်ဆောင်ရွက်ထားကြရန်နှင့် စပါးများကို မောင်းညိုချိန်တွင် ရိတ်သိမ်းကြရန် လိုအပ်မည်ဖြစ်ပါသည်။
၅။ ပေါင်းများသောစပါးခင်းများ၊ လဲနေသောစပါးခင်းများကို ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းမည်ဆိုပါက အလေအလွင့်အနည်းငယ်ရှိနိုင်ပြီး ကျွမ်းကျင်သော စက်မောင်းသမားများဖြင့် ရိတ်သိမ်းရန် လိုအပ်မည်ဖြစ်ပါသည်။
၆။ သို့ဖြစ်ပါ၍ တောင်သူလယ်သမားများအပါအဝင် စပါးသီးနှံစိုက်ပျိုး ထုတ်လုပ် ရောင်းဝယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသော လုပ်ငန်းရှင်များအနေဖြင့် မိုးစပါးများ ရိတ်သိမ်းခြွေလှေ့ ကြရာတွင် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကြရန်နှင့် လိုအပ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနများနှင့် စက်မှုလယ်ယာဦးစီးဌာန များ သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း ကြိုတင်အသိပေး နှိုးဆော်အပ်ပါသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ခြင်း

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဒေသဝမ်းစာဖူလုံရေး၊ ရွှေ့ပြောင်းတောင်ယာ ပပျောက်ရေးတို့အတွက် ကုန်းမြင့်လယ်ယာမြေများ ဖော်ထုတ်ပေးရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ (၂၀၂၃-၂၀၂၄)ခု၊ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ တိုက်ရံကျေးရွာတွင် ကုန်းမြင့်လယ်ယာမြေ (၁၉၀)ဧကအား ဖော်ထုတ်နိုင်ရန် တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။
တင်ဒါအောင်ကုမ္ပဏီဖြစ်သည့် Nine Star ကုမ္ပဏီသည် ကုန်းမြင့်လယ်ယာမြေ (၁၉၀)ဧက ဖော်ထုတ်ခြင်း လုပ်ငန်းအား(၁.၈.၂၀၂၃)ရက်နေ့မှ စတင်၍ စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်ခဲ့ရာ လက်ရှိချိန်ထိ (၆၅)ဧက ဖော်ထုတ်ပြီးစီးခဲ့ပြီး၊ ဖော်ထုတ်ပြီး ကုန်းမြင့်လယ်ယာမြေများပေါ်တွင် မိုးစပါးများ စိုက်ပျိုးဖြစ်ထွန်း အောင်မြင်လျက်ရှိပါကြောင်းနှင့် ဖော်ထုတ်ရန်ကျန်ရှိသော ကုန်းမြင့်လယ်ယာမြေ (၁၂၅)ဧကအား ပွင့်လင်းရာသီတွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှုလက်မှတ်ရသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်

လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုလက်မှတ်ရသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို (၂၉.၉.၂၀၂၃)ရက်နေ့ နံနက်ပိုင်းက မိတ္ထီလာမြို့၊ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ ခန်းမဆောင်၌ ကျင်းပရာ ဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော်၊ စက်မှုလယ်ယာဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်နှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး /ပြည်နယ်များမှ သင်တန်းသား(၄၀)တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက ယနေ့ သင်တန်းဆင်းပွဲအခမ်းအနားတွင် ကျွမ်းကျင်မှု လက်မှတ်ပေးအပ်ချီးမြှင့်ခြင်းခံရသည့် ဒေသအသီးသီးမှ သင်တန်းသားများသည် နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း လိုကြောင်းပြောကြားသည်။
ယင်းနောက်ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းပြီးမြောက်ခြင်း လက်မှတ်များနှင့် ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်၍ စက်ကိရိယာပြင်ဆင်ရေးအလုပ်ရုံနှင့် လယ်ယာသုံး စက်ကိရိယာများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
သင်တန်းဆင်းသည့် လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှုလက်မှတ်ရ သင်တန်းသည် ကာလရှည်(၁)နှစ်သင်တန်းဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှုပညာရပ် များသာမက စက်ပြင်ဆင်မှုပညာရပ်များကိုပါ တပြိုင်တည်းကျွမ်းကျင်တတ်မြောက်သည်အထိ စာတွေ့၊လက်တွေ့လေ့ကျင့်သင်ကြားပို့ချပေးခဲ့သည့် သင်တန်းဖြစ်ပြီး အဓိက ဘာသာရပ်(၈)မျိုး ဖြစ်သည့် ထွန်စက်ကြီးနှင့်တွဲဖက်ကိရိယာအမျိုးမျိုး မောင်းနှင်ထိန်းသိမ်းနည်းနှင့် ပြင်ဆင်ရေး ဘာသာရပ်၊ လက်တွန်းထွန်စက်မောင်းနှင်ထိန်းသိမ်းနည်းနှင့် ပြင်ဆင်ရေးဘာသာရပ်၊ ကောက်စိုက်စက်မောင်းနှင်ထိန်းသိမ်းနည်းနှင့် ပြင်ဆင်ရေး ဘာသာရပ်၊ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းနည်းနှင့် ပြင်ဆင်ရေးဘာသာရပ်များအပြင် အထောက်အကူပြု ဘာသာရပ် များဖြစ်သည့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ အလုပ်ရုံသုံးကိရိယာများ၊ အခြေခံလျှပ်စစ် ပြုပြင်ထိန်းသိမ်းနည်းနှင့် Life Skills & 5S Methodology (Sort, Set in Order, Shine, Standardize and Sustain) တို့အား သင်ကြားပို့ချပေးခဲ့ကြောင်းသိရှိရသည်။

ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းအား တောင်သူများအတွက် ဖွင့်လှစ်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ အမှတ်(၅၁)စက်မှုလယ်ယာစခန်း၊ ပုသိမ်မြို့မှ ဦးစီး၍ "အမှတ်စဉ်(၁/၂၀၂၃-၂၀၂၄)ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) တောင်သူပညာပေးသင်တန်း" ဖွင့်ပွဲကို ၂၀၂၃ ခုနှစ်၊စက်တင်ဘာလ(၁၁)ရက်နေ့၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ၊ ဦးလင်းကိုကိုမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ စက်မှုလယ်ယာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးဌာနမှူး၊ ဦးကျော်ခင်မှ သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားကာ သင်တန်းသားများကိုယ်စား၊ သင်တန်းသား ( ၁ ) ဦးအား သင်တန်းအတွက်သင်ထောက်ကူပစ္စည်းများ ပေးအပ်ပြီး သင်တန်းတွင် အသုံးပြုမည့် လယ်ယာသုံးစက်ကိရိယာများကိုကြည့်ရှူ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်၊၊
သင်တန်းကာလမှာ (၁၁.၉.၂၀၂၃) ရက်နေ့မှ ( ၂၂.၉.၂၀၂၃ ) ရက်နေ့အထိ ( ၂ ) ပတ်ကြာမြင့်မည် ဖြစ်ပြီး အမှတ် ( ၅၁ ) စက်မှုလယ်ယာစခန်း ၊ ပုသိမ်မြို့မှ သင်တန်းဆရာများမှ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု( အခြေခံ ) သင်တန်းဆိုင်ရာ သင်ခန်းစာများကို စာတွေ့၊လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပါသည်၊၊

လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းအား တောင်သူများအတွက် ဖွင့်လှစ်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ငုတ်ကျေးရွာအုပ်စု၊ နန်းရုပ်ကျေးရွာတွင် အမှတ် (၆၅) စက်မှုလယ်ယာစခန်း၊အောင်ပန်းမြို့မှ ဦးစီး၍ "အမှတ်စဉ်(၁/၂၀၂၃) လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)တောင်သူပညာပေးသင်တန်း" ဖွင့်ပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့ နံနက်(၉:၃၀)နာရီ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ပြည်နယ်ဦးစီးဌာနမှူး ဦးကျော်နှင့် ကလောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွေးတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမှတ်(၆၅) စက်မှုလယ်ယာစခန်း၊ အောင်ပန်းမြို့မှ မြို့နယ်ဦးစီးဌာနမှူး ဦးဦးဘဝင်းမှ သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားကာ သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ သင်တန်းသားများကိုယ်စား ကလောမြို့နယ်၊ ငုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတကျော်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး သင်တန်းတွင် အသုံးပြုမည့် လယ်ယာသုံးစက်ကိရိယာများကို ကြည့်ရှုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
သင်တန်းကာလမှာ (၁၁.၉.၂၀၂၃)ရက်နေ့မှ (၂၂.၉.၂၀၂၃)ရက်နေ့ထိ (၂)ပတ်ကြာမြင့်မည်ဖြစ်ပြီး အမှတ်(၆၅)စက်မှုလယ်ယာစခန်း၊ အောင်ပန်းမြို့မှ သင်တန်းဆရာများမှ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုဆိုင်ရာသင်ခန်းစာများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ပါသည်။

လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းအား တောင်သူများအတွက် ဖွင့်လှစ်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၄)ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ မင်္ဂလာကျေးရွာအုပ်စု၊ ပင်ဟာကျပ်ကျေးရွာတွင် အမှတ် (၈၅)စက်မှုလယ်ယာစခန်း၊ ရွှေညောင်မြို့မှ ဦးစီး၍ “အမှတ်စဉ်(၁/၂၀၂၃)လယ်ယာသုံးစက်ကိရိယာ မောင်းနှင် ထိန်းသိမ်းမှု (အခြေခံ) တောင်သူပညာပေးသင်တန်း” ဖွင့်ပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၄)ရက်နေ့ နံနက်(၉:၃၀)နာရီ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ပြည်နယ်ဦးစီးဌာနမှူး ဦးကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ် (၈၅)စက်မှု လယ်ယာစခန်း၊ ရွှေညောင်မြို့မှ မြို့နယ်ဦးစီးဌာနမှူး ဦးသီဟဇော်မှ သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားကာ သင်တန်းသား(၅၂)ဦးအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ သင်တန်းသားများကိုယ်စား PNO အဖွဲ့မှ ဗိုလ်မှူးကျော်ခေါင်မှ ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး သင်တန်းတွင် အသုံးပြုမည့် လယ်ယာသုံးစက်ကိရိယာများကို ကြည့်ရှုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
သင်တန်းကာလမှာ (၄.၉.၂၀၂၃)ရက်နေ့မှ (၁၅.၉.၂၀၂၃)ရက်နေ့ထိ (၂)ပတ်ကြာမြင့်မည်ဖြစ်ပြီး အမှတ်(၈၅)စက်မှုလယ်ယာစခန်း၊ ရွှေညောင်မြို့မှ သင်တန်းဆရာများမှ လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှုဆိုင်ရာသင်ခန်းစာများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ပါသည်။

စက်ဖြင့်စိုက်ပျိုး/မျိုးစေ့ချခြင်း သရုပ်ပြပွဲ

၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၈)ရက်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် ကျင်းပသော ကောက်စိုက်စက်၊ 10 Rows Seeder ၊ 8 Rows Drum Seeder ကွင်းသရုပ်ပြပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ တောင်သူများ၊ စုစုပေါင်း (၁၆၀)ဦးခန့် တက်ရောက် ကြည့်ရှုလေ့လာခဲ့ပါသည်။

လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှုလက်မှတ်ရသင်တန်းအမှတ်စဉ်(၂)အတွက် သင်တန်းသားများခေါ်ယူခြင်း (တစ်နှစ်သင်တန်း)

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်

၁။ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့တွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၌ ဖွင့်လှစ်မည့် လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှု လက်မှတ်ရသင်တန်း အမှတ်စဉ်(၂)သို့ တက်ရောက်ရန် သင်တန်းသားများ ခေါ်ယူမည်ဖြစ်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) အခြေခံပညာအထက်တန်းပြီးမြောက်ပြီးသူ(သို့မဟုတ်) အစိုးရနည်းပညာ အထက်တန်းကျောင်း အောင်မြင်ပြီးသူဖြစ်ရမည်။
(ခ) ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁၆)ရက်နေ့ (သင်တန်းစတင် ဖွင့်လှစ်သည့် နေ့ရက်)တွင် အသက် (၁၇)နှစ်ပြည့်ပြီး (၂၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
(ဂ) ပြည်ထောင်စု မြန်မာနိုင်ငံသား၊ အမျိုးသား အိမ်ထောင်မရှိသူ (လူပျို)ဖြစ်ရမည်။
(ဃ) ကျန်းမာရေး ကောင်းမွန်ပြီး လယ်ယာသုံး စက်ကိရိယာများကို စိတ်ပါဝင်စားသူ ဖြစ်ရမည်။
၃။ သင်တန်းတက်ရောက်ခွင့် ရရှိရေးအတွက် သတ်မှတ်အရည်အချင်းများပြည့်မီမှု ရှိ/မရှိ စိစစ်ပြီး ပြည့်မီသူများအား လူတွေ့၊ နှုတ်မေး စစ်ဆေးခြင်းကို ဖြေဆိုရမည်ဖြစ်၍ အောင်မြင်သူများကို သင်တန်းတက်ရောက်ခွင့်ပြုပါမည်။
၄။ သင်တန်းကာလမှာ(၁)နှစ်ဖြစ်ပြီး နေထိုင်စရိတ်နှင့်သင်ကြားမှုစရိတ်ကို ဌာနမှကျခံပါမည်၊ လစဉ် စားသောက်စရိတ်နှင့် စာအုပ်စာတမ်းကြေးများကို သင်တန်းသားမှ ကျခံရပါမည်။
၅။ သင်တန်းဝင်ခွင့်လျှောက်လွှာများကို စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ် ဦးစီးဌာနမှူးရုံး၊ ခရိုင်ဦးစီးဌာနမှူးရုံး၊ မြို့နယ်ဦးစီးဌာနမှူးရုံးများတွင် (၂-၈-၂၀၂၃)ရက်နေ့မှ စတင်ထုတ်ယူနိုင်ပြီး သင်တန်းတက်ရောက်ခွင့်လျှောက်လွှာ၊ ကတိဝန်ခံချက်၊ အခြေခံပညာ အထက်တန်းပြီးမြောက်ကြောင်း အထောက်အထား (သို့မဟုတ်) အစိုးရနည်းပညာ အထက်တန်းကျောင်း အောင်မြင်ကြောင်း အောင်လက်မှတ်တို့နှင့်အတူ (၃၁-၈-၂၀၂၃)ရက်နေ့ နောက်ဆုံးထား၍ မိမိထုတ်ယူခဲ့သည့်ရုံးတွင် ဝင်ခွင့်လျှောက်လွှာ တင်သွင်းရမည်ဖြစ်သည်။
၆။ လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှု လက်မှတ်ရသင်တန်းအမှတ်စဉ်(၂)တွင် ထူးချွန်စွာ အောင်မြင်သော အစိုးရနည်းပညာ အထက်တန်းကျောင်းမှ မော်တော်ယာဉ်နည်းပညာသင်တန်း ဘာသာရပ် (သို့မဟုတ်) စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာ သင်တန်းဘာသာရပ်တို့ဖြင့် အောင်မြင်ပြီးသူများသည် သတ်မှတ်အစိုးရနည်းပညာကောလိပ်နှင့် အစိုးရ စက်မှုလက်မှုသိပ္ပံများ၌ ဖွင့်လှစ်မည့် စက်မှုလယ်ယာနည်းပညာ ဘာသာရပ် ပထမနှစ် သင်တန်းတွင် တက်ရောက်ရန် အခွင့်အရေးရရှိမည်ဖြစ်ပါသည်။
၇။ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက စက်မှုလယ်ယာဦးစီးဌာန(ရုံးချုပ်)၊ စီမံကိန်းဌာနခွဲ ဖုန်းအမှတ်၊ ၀၆၇-၃၄၃၁၂၄၆ နှင့် စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့၊ ဖုန်းအမှတ်၊၀၉-၄၅၈၁၄၉၄၇၁ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်းအား တောင်သူများအတွက် ဖွင့်လှစ်

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်

မြန်မာ့လယ်ယာကဏ္ဍတွင် လယ်ယာသုံးစက်ကိရိယာများ တိုးတက်သုံးစွဲလာသည်နှင့်အမျှ တောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများအား ထိထိရောက်ရောက် အသုံးပြုနိုင်ရန်နှင့် မှန်ကန်စွာ ထိန်းသိမ်းနိုင်ရန်အတွက် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်းအား စက်မှုလယ်ယာဦးစီးဌာန၊ ဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့တွင် (၂၄-၇-၂၀၂၃) ရက်နေ့၌ သင်တန်းသား (၄၀)ဦးဖြင့် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၈)ပတ်ကြာမြင့်မည်ဖြစ်ကာ နေ/စား/သင်တန်းစရိတ် အခမဲ့ ဖြစ်ပါသည်။