တောင်သူလယ်သမားများအတွက် ဒေါင်ဖန်းလက်တွန်းထွန်စက်နှင့်တွဲဖက်ကိရိယာများ၊ လက်ကိုင်ရှည်လက်တွန်းထွန်စက်နှင့်တွဲဖက်ကိရိယာများ၊ ရိတ်သိမ်းခြွေလှေ့စက်များကို လက်ငင်းစနစ်နှင့်အရစ်ကျစနစ်များဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ စက်မှုလယ်ယာဦးစီးဌာန၏ စက်မှုလယ်ယာစခန်းများမှတဆင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။
အရစ်ကျဝယ်ယူရန် လိုအပ်သော စာရွက်စာတမ်းများအနေဖြင့် (၁) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ (၂) အိမ်ထောင်စုစာရင်းမိတ္တူ၊ (၃) လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)၊ (၄) ဝယ်ယူလိုသည့် လယ်ယာသုံးစက်ကိရိယာ၏ တန်ဖိုးထက်မနည်းသောပစ္စည်းကို အာမခံအဖြစ်တင်သွင်းရမည်။ (၅) အာမခံသူ(၂)ဦးမှ ထပ်ဆင့်အာမခံရမည်။ (၆) အာမခံတင်သွင်းသည့် ပစ္စည်းတန်ဖိုးသတ်မှတ်ချက်နှင့် ပတ်သတ်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိရမည်။ လယ်ယာသုံးစက်ကိရိယာဝယ်ယူခွင့်လျှောက်လွှာနှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ မြို့နယ်စက်မှုလယ်ယာစခန်းများသို့ လျှောက်ထားရမည် ဖြစ်ပါသည်။
လက်ကိုင်ရှည်လက်တွန်းထွန်စက် (မြင်းကောင်ရေ ၁၄)
ဒေါင်ဖန်းလက်တွန်းထွန်စက် (မြင်းကောင်ရေ ၂၂)
၆-တန်းသွားကောက်စိုက်စက်
စပါးရိတ်သိမ်းခြွေလှေ့စက်