လယ်ယာသုံးစက်ကိရိယာ အသိပညာ၊ အတတ်ပညာများ ဖြန့်ဖြူးပေးခြင်း
လယ်ယာသုံးစက်ကိရိယာအမျိုးမျိုးအား စနစ်တကျ မောင်းနှင်အသုံးပြုနိုင်ရန်နှင့် ပြုပြင်ထိန်းသိမ်းနိုင်ရန် မျိုးဆက်သစ် တောင်သူလယ်သမားလူငယ်များအား စက်မှုလယ်ယာသင်တန်းကျောင်းများ၊ စက်ပြင်အလုပ်ရုံများနှင့် မြို့နယ်စက်မှုလယ်ယာစခန်းများတွင် သင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
စဉ် တည်နေရာ သင်တန်းအမျိုးအစား သင်တန်းကာလ
စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း (မိတ္ထီလာမြို့) လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှုလက်မှတ်ရသင်တန်း ၁ နှစ်
လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း ၈ ပတ်
ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း ၈ ပတ်
စက်မှုလယ်ယာသင်တန်းကျောင်း (ဘုရားကြီးမြို့) လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း ၈ ပတ်
စက်မှုလယ်ယာသင်တန်းကျောင်း (နေပြည်တော်) လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း ၈ ပတ်
ပင်မစက်ပြင်အလုပ်ရုံ (ရန်ကုန်/ကျောက်ဆည်မြို့) လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း ၄ ပတ်
ရိတ်သိမ်းခြွေလှေ့စက်ပြုပြင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း ၄ ပတ်
အလတ်စားစက်ပြင်အလုပ်ရုံ (ပျဉ်းမနား/ဟင်္သာတ/မကွေး/
မြောင်းမြ/မအူပင်/မုံရွာ/သထုံ/ရွှေညောင်မြို့)
လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း ၄ ပတ်
တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်မှုလယ်ယာစခန်းများ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း ၂ ပတ်

စက်မှုလယ်ယာသင်တန်းကျောင်းများ

လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှုလက်မှတ်ရသင်တန်း

လက်ရှိကျင့်သုံးဆောင်ရွက်နေသော သမားရိုးကျ လယ်ယာစိုက်ပျိုးရေးစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးအတွက် စက်ကိရိယာများ တိုးတက်သုံးစွဲလာသည်နှင့်အမျှ လယ်ယာသုံးစက်ကိရိယာများ ကျွမ်းကျင်စွာ မောင်းနှင်ပြင်ဆင်နိုင်မည့် စက်မှုလယ်ယာ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးနှင့် စက်မှုလယ်ယာအသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ “လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှု လက်မှတ်ရသင်တန်း” (၁)နှစ်သင်တန်းကို စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း မိတ္ထီလာမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှစ၍ ဖွင့်လှစ်ပို့ချလျက်ပါသည်။

ဤသင်တန်းသည် Myanmar National Qualification Framework (MNQF) ၏ အဆင့်(၄)နှင့် ကိုက်ညီမှုရှိသည့်အပြင် ထူးချွန်သင်တန်းသားများအား ထူးချွန်မှုအလိုက် ထပ်ဆင့် အခွင့်အရေးများရရှိနိုင်မည် ဖြစ်ပါသည်။ ဤသင်တန်းတွင် ထူးချွန်စွာအောင်မြင်သောသူများသည် အစိုးရနည်းပညာအထက်တန်းကျောင်းမှ မော်တော်ယာဉ်နည်းပညာ သင်တန်းဘာသာရပ် (သို့မဟုတ်) စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာသင်တန်း ဘာသာရပ်တို့ဖြင့် အောင်မြင်ပြီးသူများဖြစ်ပါက သတ်မှတ်အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံများတွင် ဖွင့်လှစ်မည့် စက်မှုလယ်ယာနည်းပညာဘာသာရပ်သင်တန်း ပထမနှစ်တွင် တက်ရောက်ရန် အခွင့်အရေးရရှိမည်ဖြစ်ပါသည်။ စာတွေ့သင်ကြားချိန် (၃၀)ရာခိုင်နှုန်းနှင့် လက်တွေ့လေ့ကျင့်ချိန် (၇၀)ရာခိုင်နှုန်း သင်ကြားပို့ချမည်ဖြစ်ပါသည်။

သင်တန်းသားအရည်အချင်းသတ်မှတ်ချက်

သင်တန်းစရိတ်

လျှောက်လွှာရယူလျှောက်ထားနိုင်သည့်နေရာ

လယ်ယာသုံးစက်ကိရိယာမောင်းနှင်/ပြုပြင်ထိန်းသိမ်းမှုသင်တန်းများ

လယ်ယာသုံးစက်ကိရိယာအမျိုးမျိုးအား စနစ်တကျ မောင်းနှင်အသုံးပြုနိုင်ရန်နှင့် ပြုပြင်ထိန်းသိမ်းနိုင်ရန် မျိုးဆက်သစ် တောင်သူလယ်သမားလူငယ်များအား စက်မှုလယ်ယာသင်တန်းကျောင်းများ၊ စက်ပြင်အလုပ်ရုံများနှင့် မြို့နယ်စက်မှုလယ်ယာစခန်းများတွင် သင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

မိမိတက်ရောက်လိုသည့် သင်တန်း/သင်တန်းကာလနှင့် အနီးစပ်ဆုံး တက်ရောက်နိုင်မည့် သင်တန်းတည်နေရာ အစီအစဉ်တို့ကို မြို့နယ်စက်မှုလယ်ယာစခန်းများတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

သင်တန်းသားအရည်အချင်းသတ်မှတ်ချက်

လျှောက်ထားသူသည်-
(က) အခြေခံပညာ အလယ်တန်း/ Grade-9 အောင်မြင်ပြီးသူဖြစ်ရမည်။ (မြို့နယ်စက်မှုလယ်ယာစခန်းများတွင် သင်တန်းတက်ရောက်မည့်သူများသည် အခြေခံပညာအလယ်တန်းအဆင့် တက်ရောက်ဖူးသူ ဖြစ်ရမည်။)
(ခ) သင်တန်းစတင်ဖွင့်လှစ်သည့် နေ့ရက်တွင် အသက် (၁၈)နှစ်မှ (၃၅)နှစ်အတွင်း ဖြစ်ရမည်။
(ဂ) ပြည်ထောင်စု မြန်မာနိုင်ငံသား၊ ကျန်းမာရေး ကောင်းမွန်ပြီး လယ်ယာသုံးစက်ကိရိယာများကို စိတ်ပါဝင်စားသူ ဖြစ်ရမည်။

သင်တန်းစရိတ်

လျှောက်လွှာရယူလျှောက်ထားနိုင်သည့်နေရာ

သင်တန်းဓါတ်ပုံများ